ABC
မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စနဲ့ မြန်မာနိုင်ငံကဒီမိုကရေစီအရေး ဆက်လက် ကြိုးပမ်းဖို့အတွက် အားပေးတဲ့နေနဲ့ အင်ဒိုနီးရှားသမ္မတ စူစီလိုဘာဘန် ယူဒိုယိုနိုက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
မနေ့က နေပြည်တော်မှာရောက်ရှိလာတဲ့ အင်ဒိုနီးရှားသမ္မတကို မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က သွားရောက်ကြိုဆို တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ သဘောတူညီမှုစာချုပ်တွေ ချုပ်ဆိုခဲ့တယ်လို့သိ ရပါတယ်။
မြန်မာနိုင်ငံထဲကိုရောက်ရှိနေချိန်အတွင်း နှစ်နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးကြတဲ့အပြင် မြန်မာနိုင်ငံထဲက ဗုဒ္ဓဘာသာနဲ့ မွတ်စလင် လူမျိုး တချို့တွေကြားမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို လည်း အင်ဒိုနီးရှားသမ္မတက သမ္မတဦးသိန်းစိန်ကို စကားပြောဆိုသွားဖို့ရှိတယ်လို့ ယူဆနေကြပါတယ်။
မြန်မာနိုင်ငံထဲက ဗုဒ္ဓဘာသာနဲ့ မွတ်စလင် လူမျိုး တွေကြားက ပဋိပက္ခတွေကို သမ္မတဦးသိန်းစိန်အနေနဲ့ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း ကူညီချင်တဲ့အကြောင်း သမ္မတ စူစီလိုဘာဘန် ယူဒိုယိုနိုက ဂျာကာတာမြို့ကို မထွက်ခွါခင်မှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
မြန်မာနိုင်ငံကို သွားရောက်လည်ပတ်အပြီးမှာတော့ အင်ဒိုနီးရှားသမ္မတဟာဘရူနိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း စည်းဝေးပွဲကို သွားရောက် တက်ရောက်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment