Monday, July 8, 2013

ပုံနှိပ်ဥပဒေကြမ်းကို မပြင်ဆင်ရင် နှုတ်ထွက်မယ်လို့ စာနယ်ကောင်စီပြော

ABC

မြန်မာနိုင်ငံမှာ ​စာနယ်ဇင်း ​ဥပဒေနဲ့ပတ်သက်ပြီး ​သတင်းမီဒီယာကောင်စီကနေ ​ပြင်ဆင်ဖို့တောင်းဆိုထားတဲ့ ​အချက်တွေ ​မပါဝင်ဘဲ ​ကန့်ကွက် ​သူမရှိ ​လွှတ်တော်မှာ ​အတည်ပြုခဲ့တဲ့ ​အတွက် ​ပြင်ဆင်ပေးတာတွေ ​မရှိရင်တော့ ​စာနယ်ဇင်းကောင်စီ ​တစ်ဖွဲ့လုံး ​နှုတ်ထွက်ဖို့ ​အထိ ​ပြင်ဆင်ထားတယ် ​ဆိုတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော် ​က ​သတင်းပေး ​ပို့ထားပါတယ်။

မီဒီယာလောက ​အသိုင်းအ၀ိုင်းက ​၀ိုင်းဝန်းကန့်ကွက်မှု ​တွေ ​ရှိခဲ့လို့ ​ပြင်ဆင်မှု ​တွေ ​ဖြည့်ဆွက် ​မှုတွေ ​လုပ်ပါဆိုပြီး ​ပြန်ကြားရေးဝန်ကြီး ​ဦးအောင်ကြည်က ​ပြောဆိုပြီး ​နောက်မှာ ​သမ္မတ ​ညွှန်ကြားမှု ​နဲ့ ​ဖွဲ့စည်းထားတဲ့ ​သတင်းမီဒီယာကောင်စီ ​နဲ့ ​ပြန်ကြားရေး ​က ​ထိပ်ပိုင်း ​အရာရှိတွေ ​၄ ​ကြိမ်ထက် ​မနည်း ​တွေ့ဆုံပြီး ​ပြန်ဆင် ​ညှို ​နှိုင်းမှု ​တွေ ​လုပ်ခဲ့တာပါ။

ဒါပေမဲ့ ​တကယ်တမ်းမှာတော့ ​ဒီဥပဒေ ​ကို ​ပြည်သူ့ ​လွှတ်တော်က ​ကန့်ကွက်သူ ​မရှိ ​အတည်ပြု ​လိုက်တဲ့ ​အခါမှာတော့ ​သတင်းမီဒီယာကောင်စီ ​က ​ဒီဥပဒေ ​အပေါ်မှာ ​ပြင်ဆင် ​ထား ​တဲ့ ​အချက်တွေ ​တစ်ချက် ​မှ ​မပါဝင်ခဲ့ပါဘူး။

ဒါကြောင့် ​ပြည်သူ ​လွှတ်တော်မှာ ​ကန့်ကွက်သူ ​မရှိ ​အတည် ​ပြုခဲ့တဲ့ ​ဒီဥပဒေနဲ့ ​ပတ်သက်ပြီး ​သတင်းမီဒီယာကောင်စီကနေ ​နိုင်ငံတော် ​သမ္မတ ​ထိ ​သွား ​ရောက်တွေ့ဆုံပြီး ​ဖြေရှင်ဖို့ ​ရှိတယ်လို့ ​သတင်းမီဒီယာကောင်စီ ​က ​အတွင်းရေးမှူး ​ဦးကျော်မင်းဆွေက ​ဇူလိုင်လ ​၇ ​ရက်နေ့ ​မှာပြုလုပ်ခဲ့တဲ့ ​သတင်းစာရှင်းလင်းပွဲ ​မှာပြောခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ​ပြီးရင်၊ ​အမျိုး ​သား ​လွှတ်တော် ​ရှိတယ်။ ​ပြီးရင် ​ပြည်ထောင်စုလွှတ်တော် ​ရှိတယ်။ ​ပြီးတော့ ​သမ ​တ ​အကြံပေး ​အဖွဲ့ ​ရှိတယ်။ ​ပြီးရင် ​ပြည်ထောင်စုရှေ့နေချုပ် ​ရုံးကို ​ပြန်ရောက်တယ်။ ​ပြီးမှာ ​သမတ ​က ​လက်မှတ်ထိုးမယ်။ ​ကျနော် ​တို့ ​က ​အဆင့်လိုက်အဆင်လိုက် ​လိုက်ပြီး ​စာလည်း ​ပို့မယ်။ ​လူကိုယ်တိုင် ​သွားပြီး ​ရှင်းဖို့လည်း ​အသင့် ​ဖြစ်နေပြီ။

အဆင့်ဆင့် ​ဖြေရှင်းမှု ​တွေ ​မှာ ​အောင်မြင်မှု ​တွေ ​မရဘူး ​ဆိုရင်တော့ ​ပြန်ကြား ​ရေးဝန်ကြီး ​ဌာနနဲ့ ​စာနယ်ဇင်း ​ကောင်စီအကြား ​ထိပ်တိုင်ရင်ဆိုင်မှု ​တွေ ​ဖြစ်လာဖို့ ​ရှိတယ်လို့လည်း ​ဦးသီဟစောကပြောပါတယ်။

အဲဒီလို ​မျိုး ​သွား ​နေတဲ့ ​ကြားထဲကမှ ​ကျနော်တို့ ​ကောင်စီ ​က ​အဆင်ပြေ ​အောင် ​မလုပ်နိုင်ဘူး ​ဆိုရင်တော့ ​ဒီထက်ဆိုးတဲ့ ​ထိပ်တိုက်ရင်ဆိုင်မှု ​တွေ ​ပိုပြီး ​ဖြစ်လာနိုင် ​ပါတယ်။

ပြန်ကြားရေး ​၀န်ကြီးရဲ့ ​ခွင့်ပြုချက်နဲ့ ​သတင်းမီဒီယာကောင်စီ ​က ​တာဝန်ယူ ​ရေးဆွဲနေတဲ့ ​သတင်းမီဒီယာ ​ဥပဒေကိုလည်း ​အစောပိုင်း ​ကာလ ​က ​အခြေအတင်ဆွေးနွေးပြီး ​သဘောတူညီ ​မှု ​တွေရပြီး ​ဖြစ်ပေမဲ့ ​ပြန်ကြားရေးကဆွဲ ​ထားတဲ့ ​ပုံနှိပ်ဥပဒေကို ​လွှတ်တော်မှာ ​ဆွေးနွေး ​ချိန်မှာ ​ချိန်ကိုက်ဆိုသလို ​ သတင်းမီဒီယာ ​ဥပဒေက ​ပြင်ချက် ​၁၇ ​ချက်နဲ့ ​ပြန်ကြားရေးက ​ပြန်ပြင် ​ခိုင်လာတာဖြစ်ပါတယ်။

ပြန်ကြား ​ရေး ​က ​ထိပ်ပိုင်း ​အရာရှိကြီး ​တွေက ​သတင်းမီဒီယာ ​ဥပဒေမှာ ​ရုပ်သံနဲ့ ​ပတ်သက်ပြီး ​ပါဝင်ဖော်ပြတဲ့ ​ကဏ္ဍတွေ ​မထည့် ​ဖို့ ​ပြောပေမဲ့ ​မကြာသေးခင်က ​ပြန်ကြားရေးက ​ရေး ​ဆွဲထား ​တဲ့ ​အများပြည်သူဝန်ဆောင်မှု ​ဥပဒေမှာ ​တော့ ​ရုပ်သံနဲ့ ​ပတ်သက်တာတွေ ​ကို ​ရောပြီးဖော်ပြထားတယ်လို့လညိး ​သတင်းမီဒီယာကောင်စီ ​က ​ဦးဇော်သက်ထွေးကပြောပါတယ်။

ဒီ ​ပုံနှိပ်ရေးနဲ့ ​ထုတ်ဝေရေး ​ဥပဒေကို ​ဥပဒေ ​တစ်ရပ် ​အဖြစ် ​အတည်မပြုနိုင်သေးတဲ့ ​အချိန်ထိ ​သတင်းမီဒီယာကောင်စီ ​အနေနဲ့ ​ကန့်ကွက်မှု ​တွေ ​ပြုလုပ်သွားမှာဖြစ်ပြီးတော့ ​အာဏာပိုင်တွေဘက်က ​သာ ​ထူးထူးခြားခြား ​ပြင်ဆင်ပေးတာတွေ ​မရှိရင်တော့ ​သတင်းမီဒီယာကောင်စီ ​တစ်ဖွဲ့ ​လုံး ​နှုတ်ထွက်ဖို့ ​အထိ ​ပြင်ဆင်ထားတယ်လို့ ​ဦးကျော်မင်းဆွေက ​သတင်းစာရှင်း ​လင်းပွဲမှပြောခဲ့ ​တာဖြစ်ပါတယ်။

No comments: