Friday, July 12, 2013

ဘော့ဘ်ကားရ်ကို သမ္မတနဲ့ ဒေါ်စုတို့ လက်ခံတွေ့ဆံ

ABC

မြန်မာနိုင်ငံကို ​နှစ်ရက်ကြာ ​လည်ပတ်နေတဲ့ ​သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ​မနေ့တုန်းက ​မြန်မာနိုင်ငံ ​သမ္မတဦးသိန်းစိန်နဲ့ ​အတိုက်အခံခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ကို ​သီးသန့်စီ ​တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ​ဘော့ဘ်ကားရ်ရဲ့ ​ဒုတိယအကြိမ်မြောက် ​မြန်မာနိုင်ငံခရီးစဉ်အတွင်း ​မြန်မာနိုင်ငံမှာ ​သြစတြေးလျ ​ကုမ္ပဏီတွေ ​ရင်းနှီးမြုပ်နှံဖို့ ​ကိစ္စနဲ့ ​ကူညီထောက်ပံ့ရေးအကြောင်းတွေ ​ဆွေးနွေးခဲ့ပြီး ​မြန်မာနိုင်ငံရဲ့ ​ပညာရေးမှာ ​အဓိက ​ဦးစားပေးထောက်ပံ့သွားမယ်လို့ ​ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ဒုက္ခရောက်နေသူတွေအတွက် ​သြစတြေးလျနိုင်ငံက ​နောက်ထပ် ​ဒေါ်လာ ​၃.၂ ​သန်း ​ထောက်ပံ့ကူညီမယ်လို့လည်း ​ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ​ဒုက္ခသည်တွေအတွက် ​သြစတြေးလျနိုင်ငံရဲ့ ​ကူညီထောက်ပံ့မှုက ​စုစုပေါင်း ​ဒေါ်လာ ​၉ ​သန်းရှိသွားပြီး ​ကူညီထောက်ပံ့မှု ​အများဆုံးပေးတဲ့ ​နိုင်ငံ ​ဖြစ်လာပါတယ်။

အလားတူ ​မြန်မာနိုင်ငံအပေါ် ​ပေးနေတဲ့ ​နှစ်စဉ်ထောက်ပံ့ကူညီမှုကိုလည်း ​ဒေါ်လာ ​သန်း ​၁၀၀ ​တိုးမြှင့်ပေးသွားမယ်လို့ ​ပြောပါတယ်။

အဲ့ဒါအပြင် ​မြန်မာနိုင်ငံမှာ ​နှစ်ပေါင်း ​သုံးဆယ်အတွင်း ​ပထမဦးဆုံးအကြိမ် ​ပြုစုမယ့် ​သန်းခေါင်စာရင်းအတွက်လည်း ​ဒေါ်လာ ​၃ ​သန်း ​ကူညီမယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ​သမ္မတဦးသိန်းစိန်၊ ​နိုင်ငံခြားရေးဝန်ကြီး ​ဦးဝဏ္ဍမောင်လွင်တို့နဲ့ ​တွေ့ဆုံပြီး ​လူ့အခွင့်အရေးအကြောင်း၊ ​ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခအကြောင်း ​အဓိက ​ဆွေးနွေးသွားမယ်လို့ ​မြန်မာနိုင်ငံကို ​မသွားရောက်ခင် ​သြစတြေးလျနိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောခဲ့ပါတယ်။

ဝန်ကြီး ​ဘော့ဘ်ကားရ်က ​ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ​နေပြည်တော်မှာ ​တွေ့ဆုံခဲ့ပြီး ​မြန်မာနိုင်ငံ ​ရေးအကြောင်း ​ဒီမိုကရေစီအကြောင်း ​အဓိက ​ပြောခဲ့တယ်လို့ ​သိရပါတယ်။

ဒီကနေ့မှာတော့ ​ရန်ကုန်မြို့ရှိ ​ကိုလိုနီခေတ် ​အဆောက်အဦးတွေရဲ့ ​ဗိသုကာလက်ယာတွေကို ​ထိန်းသိမ်းစောင့်ရှောက်မှုတွေ ​လုပ်ဖို့အတွက် ​ဆွေးနွေးမှုတွေ ​လုပ်ပြီး ​မြန်မာနိုင်ငံ ​ခရီးစဉ်ကို ​အဆုံးသတ်မယ်လို့ ​သိရပါတယ်။

No comments: