ဆန်းဖြိုးထွန်း
ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ခရိုင်မြို့နှစ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ အင်တာနက် ( WiFi ) အခမဲ့အသုံးပြုနိုင်ပြီဖြစ်သည်ဟု ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောသည်။
ခရိုင်မြို့နှစ်မြို့ဖြစ်သောလွိုင်ကော်မြို့နှင့် ဘောလခဲမြို့ရှိ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် ပြည်သူများအသုံးပြုနိုင်ရန် အင်တာနက် (WiFi) ဖွင့်ထားပေးခြင်းဖြစ်သည်။
အင်တာနက် (WiFi) အခမဲ့တပ်ဆင်ထားပြီး အင်တာနက်အသုံးပြုခြင်း နည်းပါးနေသေးသည့် ဘောလခဲမြို့ နေပြည် သူများကိုမူ အသုံးပြုတတ်လာစေရန် သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ထမ်းများက ကွန်ပြူတာနှင့် အင်တာနက် အခြေခံသင်တန်းများ ပို့ချပေးခဲ့သည်ဟု ဦးမြတ်ကိုထွေးက ပြောသည်။
“မတတ်သေးတဲ့သူတွေကိုသုံးတတ်လာအောင် စနစ်တကျသုံးတတ်လာအောင် ဒီမှာwifiကြီးရှိနေရုံနဲ့ မသုံးတတ်ရင် ဘာလုပ်တော့မလဲ။”
အောက်တိုဘာလမှ စတင်၍ဒေသရှိပြည်သူများအင်တာနတ် အခမဲ့အသုံးပြုနိုင်ရန် ပြန်ကြားရေးရုံတွင် WIFI အင်တာနတ်လိုင်းကိုလွင့်ပေးနေတာဖြစ်ပြီးမည်သူမဆိုအခမဲ့ လာရောက်သုံးဆွဲနိုင်မှာဖြစ်သည်။
ယခင်က IT နှင့် အဆက်စပ်မရှိသေးသောဘောလခဲ မြို့သည် ယခုအခါ အင်တာနတ်လိုင်းများ သုံးစွဲလာနိုင်ပါက ဒေသရှိပြည်သူများ ဆက်သွယ်ရေးတွင် တဖက်တလမ်းမှ အထောက်အကူဖြစ်လာစေပါသည်။
ဘောလခဲမြို့မှ အင်တာနက်အသုံးပြုနိုင်ရန် သင်တန်းတက်နေသူ ဒေသခံအမျိုးသမီးတဦးက ̏ကောင်းတယ်ပေါ့နော် အရင်ကဆိုကျမတို့ အင်တာနတ်ဆိုတာ ဘာလဲတောင်မသိဘူး။ အခုက အလကားလည်းသုံးခွင့်ရမယ် သင်တန်းလည်းပို့ချပေးမယ်ဆိုတော့ ကျေးဇူးတင်တာပေါ့ အသိအမြင်လေးလည်း တိုးတာပေါ့״ဟုပြောသည်။
ကယားပြည်နယ်အတွင်းတွင် လွိုင်ကော်မြို့ပေါ်အတွင်းတွင်သာ အင်တာနက်ကို အများဆုံး အသုံးပြုနိုင်ကြပြီးကျန်သည့် မြို့နယ် (၆)မြို့နယ်တွင် ဆက်သွယ်ရေးဌာနတွင်းသာ IP star ဖြင့်ရုံးဝန်ထမ်းများအတွက်သာ အသုံးပြုနိုင်သေးသည်။
အင်တာနက် ဆက်သွယ်ရေးနည်းပညာအစစအရာရာ နှောင့်နှေး ကျန့်ကြာနေသည့်အပြင် GSM နှင့် CDMA ဖုန်းလိုင်းများမှာလည်း လွိုင်ကော်မြို့တမြို့အတွင်းသာ ကောင်းစွာဆက်သွယ်အသုံးပြုနိုင်သည်။
No comments:
Post a Comment