Thursday, November 28, 2013

သ​မ္မ​တ ​ဦး​သိန်း​စိန် ​ဂျ​ပန်​နိုင်​ငံ​ကို ​ဒီ​ဇင်​ဘာ​လ​တွင် ​သွား​ရောက်​မည်

စည်​သူ​ဇေ​ယျ

ဒီ​ဇင်​ဘာ​လ​အ​တွင်း ​ကျင်း​ပ​ပြု​လုပ်​မယ့် ​ဂျ​ပန်-​အာ​စီ​ယံ ​ထိပ်​သီး​အ​စည်း​အဝေး​ကို ​မြန်​မာ​နိုင်​ငံ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​ကိုယ်​တိုင် ​တက်​ရောက်​မှာ​ဖြစ်​ပြီး ​ဂျ​ပန်ဝန်​ကြီး​ချုပ် ​ရှင်​ဆူ​အာ​ဘေး​နဲ့ ​တွေ့​ဆုံ​မှာ ​ဖြစ်​ပါ​တယ်။ ​ဒီ​လို​တွေ့​ဆုံ​ချိန်​မှာ ​ရ​ထား​ပို့​ဆောင်​ရေး ​ကိ​စ္စ​ကို ​အ​ဓိ​က ​အ​ချက် ​တ​ခု ​အ​နေ​နဲ့ ​ဆွေး​နွေး​သွား​မယ်​လို့ ​မီး​ရ​ထား​သံ​လမ်း ​ပြု​ပြင်​ရေး ​ပ​စ္စည်း​လှူ​ဒါန်း​ပွဲ​ကို ​တက်​ရောက်​လာ​တဲ့​ ​မြန်​မာ​နိုင်​ငံ ​ဆိုင်​ရာ ​ဂျ​ပန် ​ဒု​တိ​ယ ​သံ​အ​မတ် ​မ​စ္စ​တာ ​မာ​ရူ​ယာ​မာ ​က ​ပြော​ကြား​သွား​ခဲ့​တာ​ပါ။

မြန်​မာ​နိုင်​ငံ​ဆိုင်​ရာ ​ဂျ​ပန်​သံ​အ​မတ် ​ဒု​တိ​ယ​သံ​အ​မတ် ​မ​ရူ​ယာ​မ (MARUYAMA ​က “​နောက် ​ဒီ​ဇင်​ဘာ​လ ​မှာ​ဆို​ရင် ​သ​မ္မ​တ​ကြီး​ဦး​သိန်း​စိန်​ကိုယ်​တိုင် ​ဂျ​ပန် ​အာ​ဆီ​ယံ ​အ​ထူး ​ထိပ်​သီး​ဆွေး​နွေး​ပွဲ​ကို ​တက်​ဖို့ ​ဂျ​ပန်​ပြည်​ကို ​လာ​ရောက်​မှာ​ဖြစ်​ပါ​တယ်။ ​အဲ့​ဒီ​အ​ခါ​မှာ ​ကျ​တော်​တို့ ၀န်​ကြီး​ချုပ် ​ရှင်​ဆူ​အာ​ဘေး​နဲ့ ​သ​မ္မ​တ​ကြီး​ဦး​သိန်း​စိန်​နဲ့ ​အ​ဓိ​က ​ဆွေး​နွေး​မယ့် ​အ​ချက် ၁ ​ချက်​က​တော့ ​ရ​ထား​ပို့​ဆောင်​ရေး​ကိ​စ္စ​ကို ​ဘယ်​လို​ပူး​ပေါင်း​ဆောင်​ရွက်​မ​လဲ ​ဆို​တာ​ကို ​ဆွေး​နွေး​သွား​မှာ​ဖြစ်​ပါ​တယ်။ ​အဲ့​ဒါ​ကြောင့် ​ဒီ​နေ့ ​အ​ခန်း​အ​နား​က​စ​ပြီး ​ဂျ​ပန်​အ​စိုး​ရ​နဲ့ ​မြန်​မာ့​အ​စိုး​ရ​ကြား​မှာ ​ရ​ထား​ပို့​ဆောင်​ရေး ​က​ဏ္ဍ​မှာ ​ပူး​ပေါင်း​ဆောင်​ရွက်​မှု ​ပို​ပြီး​တော့ ​တိုး​တက်​လာ​မယ်​လို့ ​ကျ​တော် ​ထင်​ပါ​တယ်။”​လို့ ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​ဂျ​ပန်ဝန်​ကြီး​ချုပ်​နဲ့ ​ဂျ​ပန်​ပို့​ဆောင်​ရေး​၀န်​ကြီး​တို့ ​မြန်​မာ​နိုင်​ငံ​ကို ​လာ​ရောက်​စ​ဉ်​က ​သ​မ္မ​တ​ဦး​သိန်း​စိန်​ကိုယ်​တိုင် ​ပို့​ဆောင်​ရေး​ကန်​ဏ ​ဖွံ့​ဖြိုး​တိုး​တက်​ဖို့ ​ဆွေး​နွေး​ခဲ့​ကြ​တယ်​လို့ ​သူ​က ​ဆက်​ပြော​ပါ​တယ်။၂၀၁၂ ​ခု​နှစ် ​ဧ​ပြီ​လ​အ​တွင်း ​သ​မ္မ​တ​ဦး​သိန်း​စိန် ​ဂျ​ပန်​နိုင်​ငံ​ကို ​သွား​ရောက်​ခဲ့​စ​ဉ်​က​လည်း ​မြန်​မာ​နိုင်​ငံ ​ရ​ထား​ပို့​ဆောင်​ရေး ​က​ဏ္ဍ ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​အ​တွက် ​ဂျ​ပန်​နိုင်​ငံ​အ​နေ​နဲ့ ​အ​ကူ​အ​ညီ​ပေး​ဖို့ ​ဂျ​ပန်ဝန်​ကြီး​ချုပ်​ထံ​က​နေ ​က​တိ​က၀တ်​တွေ ​ရ​ရှိ​ခဲ့​တယ်​လို့ ​အဲ့​ဒီ​အ​ခန်း​အ​နား​ကို ​တက်​ရောက်​လာ​တဲ့ ​ရ​ထား​ပို့​ဆောင်​ရေး​၀န်​ကြီး​က ​ပြော​ကြား​သွား​ခဲ့​ပါ​တယ်။

ရ​ထား​ပို့​ဆောင်​ရေး​၀န်​ကြီး​ဌာ​န ​ဦး​သန်း​ဌေး ​ပြည်​ထောင်​စုဝန်​ကြီး ​က “​အဲ့​ဒီ​အ​ချိန်​က​စ​ပြီး​တော့​ ​အ​ခု​အ​ထိ ​ဂျ​ပန်​နိုင်​ငံ​အ​စိုး​ရ၊ ​မြေ​ယာ၊ ​အ​ဆောက်​အ​ဦ၊ ​ပို့​ဆောင်​ရေး​နဲ့ ​ခ​ရီး​သွား​လာ​ရေး ​ဆိုင်​ရာဝန်​ကြီး ​အ​ပါ​အ၀င် ​ဂျ​ပန်​အ​ပြည်​ပြည်​ဆိုင်​ရာ ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး ​အင်​ဂျေ​စီ JICA၊ ​ဂျ​ပန် ​နိုင်​ငံ​တ​ကာ​ပို့​ဆောင်​ရေး ​အ​ဖွဲ့​အ​စည်း​၊ ​ဂျ​ပန်​ကု​မ္ပ​ဏီ​အ​ဖွဲ့​များ​က ​ကိုယ်​စား​လည်​များ​က ​ရ​ထား​ပို့​ဆောင်​ရေး​၀န်​ကြီး​ဌာ​န​နဲ့ ​မြန်​မာ့​မီး​ရ​ထား​ဌာ​န​တို့​နဲ့ ​စ​ဉ်​ဆက်​မ​ပျက် ​လာ​ရောက်​တွေ့​ဆုံ ​ညှိ​နှိုင်း​မှု​များ ​ပြု​လုပ်​နေ​ပါ​ပြီ။”​လို့ ​ပြော​ဆို​ပါ​တယ်။

ဂျ​ပန်​နိုင်​ငံ​နဲ့ ​မြန်​မာ​နိုင်​ငံ​အ​ကြား ​မီး​ရ​ထား​ပို့​ဆောင်​ရေး​နဲ့ ​ပတ်​သက်​ပြီး ၁၉၆၂ ​ခု​နှစ်​က​တည်း​က ​ဂျ​ပန်​နိုင်​ငံ​အ​စိုး​ရ​ထံ​က​နေ ​ချီး​ငွေ​နဲ့ ​ထောက်​ပံ့​ငွေ ​တွေ​ရ​ယူ​ခဲ့​ပြီး ​ရ​ထား​စက်​ခေါင်း​၊ ​လူ​စီး​တွဲ ​ကုန်​တွဲ ​ရ​ထား​သံ​လမ်း​၊ ​စက်​ပ​စ္စည်း​တွေ ၀ယ်​ယူ ​အ​သုံး​ပြု​ခဲ့​ပါ​တယ်။ ၁၉၈၂ ​ခု​နှစ်​နဲ့ ၁၉၈၄ ​ခု​နှစ်​တွေ​မှာ​တော့ OECF ​ချေး​ငွေ ​ဂျ​ပန်​ယမ်း ၁၂၃ ​ဘီ​လီ​ယံ ​ကျော်​အ​ထိ ​ရ​ထား​ပို့​ဆောင်​ရေး​၀န်​ကြီး​ဌာ​န​က ​ဂျ​ပန်​အ​စိုး​ရ​ထံ​က​နေ ​ချေး​ယူ​ခဲ့​ပါ​တယ်။

အ​ခု​အ​ချိန်​မှာ​တော့ ​ဂျ​ပန်​နိုင်​ငံ​အ​စိုး​ရ​က ​ရန်​ကုန်-​မ​န္တ​လေး ​မီး​ရ​ထား​လမ်း ​လုံ​ခြုံ​ရေး​နဲ့ ၀န်​ဆောင်​မှု ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​လုပ်​ငန်း​အ​တွက်ေ​ရှ့​ပြေး​စီ​မံ​ကိန်း​အ​ဖြစ် ​ရန်​ကုန်​ပဲ​ခူး​ကြား ​ရ​ထား​လမ်း ​ပြု​ပြင်​ထိန်း​သိမ်း​မှု ​ခေတ်​မှီ​နည်း​စ​နစ်​များ​ကို ​လွဲ​ပြောင်း​ပေး​နိုင်​ရေး​ဆောင်​ရွက်​နေ​ပါ​တယ်။

ဒါ့​အ​ပြင် ​သံ​လမ်း​ပြု​ပြင်​ထိန်း​သိမ်း​ရေး​ ​ပ​စ္စည်း ၇၄ ​မျိုး​၊ ​အ​ရေ​အ​တွက်​အား​ဖြင့် ၆၁၀ ​ခု​ကို ​တင်​သွင်း​လာ​နေ​ပြီး ​ဂျ​ပန်​နိုင်​ငံ​က ​ပ​ညာ​ရှင် ၁၀ ​ဦး​က ​မြန်​မာ့​မီး​ရ​ထား ၀န်​ထမ်း​တွေ​ကို ​သင်​တန်း​ပို့​ချ​ပေး​နေ​ပါ​တယ်။ ​ဒီ​အ​ခန်း​အ​နား​မှာ ​ဂျ​ပန်​နိုင်​ငံ ​အ​ပြည်​ပြည်​ဆိုင်​ရာ​ပို့​ဆောင်​ရေး ​အ​ဖွဲ့​အ​စည်း JITI ​က ​မြန်​မာ​နိုင်​ငံ ​မီး​ရ​ထား​ပို့​ဆောင်​ရေး​၀န်​ကြီး​ဌာ​န​ကို ​မီး​ရ​ထား​သံ​လမ်း ​ပြု​ပြင်​ထိန်း​သိမ်း​ရေး​မှာ ​အ​သုံး​ပြု​တဲ့ ​ပ​စ္စည်း​အ​မျိုး​စား ၄ ​မျိုး ​အ​ရေ​အ​တွက် ​အား​ဖြင့် ၃၁ ​ခု​ကို ​တို့​ကို ​လွှဲ​ပြောင်း​ပေး​အပ်​လှူ​ဒါန်း​ခဲ့​တာ​ပဲ ​ဖြစ်​ပါ​တယ်။

No comments: