နိရဉ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၊ ကံ့ကော်တော ဘုရား အနီးရှိ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းတွင် နိုဝင်္ဘာလ ၂၇ ရက် ညနေက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ မီးလောင်တာက မနေ့က ညနေ ၇ နာရီခွဲခန့်မှာ လောင်တာပါ။ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှာ ကန်ထရိုက် လုပ်ငန်းတွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့ Hyundai Heavy Industries (HHI) ကုမ္ပဏီပိုင် ပိုက်လုံးတွေကို မီးလောင်တာပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
၎င်းမီးအား ကုမ္ပဏီဝန်ထမ်းများ၊ ကျေးရွာသားများနှင့် မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များက အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့သဖြင့် ညနေ ၈ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။
သို့သော်လည်း ပိုက်လုံး အတော်များများမှာ မီးလောင်ကျွမ်းသွားခဲ့သဖြင့် ပျက်စီးဆုံးရှုံးမူ ပမာဏ များပြားကြောင်း သူက ဆိုသည်။
ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ကုမ္ပဏီ တာဝန်ရှိသူများမှ ထုတ်ဖော်ပြော ကြားခြင်း မရရှိဟု သိရသည်။
No comments:
Post a Comment