Thursday, November 28, 2013

ကချင်ငြိမ်းချမ်းရေး ကွန်ရက်ဝင်နှစ်ဦး ပုဒ်မ-၁၈ ဖြင့်ငွေဒဏ်အမိန့်ချခံရမှု အယူခံပြန်ဝင်မည်

ဆုဝေ

ယမန်နှစ်အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစံပယ်ဖြူနှင့်ကို မရန်ဂျော်ဂွန်းတို့အား စမ်းချောင်းမြို့နယ်တရားရုံးမှ တစ် မြို့နယ်လျှင် ငွေဒဏ်တစ်သောင်းကျပ်စီပေးဆောင်ရန် နိုဝင်ဘာ၂၆ ရက်ကအမိန့်ချမှတ်ခဲ့ခြင်းကို အယူခံဝင်သွားမည်ဟု ဒေါ်မေစံပယ်ဖြူက မဇိ္ဈမကို ပြောသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာ၂၁ ရက်အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ခွင့်ပြုချက်မရဘဲ စမ်းချောင်းမြို့နယ်နှင့် ဒဂုံမြို့နယ်တို့တွင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ခဲ့သည့်က ချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေစံပယ်ဖြူနှင့် ကိုမရန်ဂျော်ဂွန်းတို့အား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့်ဥပ ဒေပုဒ်မ-၁၈ ဖြင့်တစ်မြို့နယ်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ငွေဒဏ်ချမှတ်ရန် စမ်းချောင်းမြို့နယ်တရား ရုံးအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်

ဒေါ်မေစံပယ်ဖြူက “ကျွန်မဒဏ်ငွေဆောင်ဖို့ကို လက်ခံလိုက်တယ်ဆိုတာက အပြစ်ရှိတယ်လို့ဝန်ခံလိုက်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မဒဏ်ငွေမဆောင်ဘူးဆိုရင် ထောင်ဒဏ်ကတစ်မြို့နယ်ကို တစ်လဆိုရင်နှစ်မြို့ နယ်၊ နှစ်လဖြစ်မယ်။ ဒီနှစ်လထောင် ထဲမှာ သွားနေနေရင် အယူခံဝင်တဲ့အခါ ပိုပြီးခက်မယ်။ ဒဏ်ငွေဆောင်လိုက်တယ် ဆိုတာကလောလောဆယ် သူ့ရဲ့အမိန့် ကို ကျွန်မတို့က နာခံလိုက်တယ်ဆိုတဲ့ သဘောပါ။ ကျွန်မတို့ ငြိမ်းချမ်းရေးနေ့မှာ ဆန်္ဒထုတ်ဖော်တာကို အခုလို အမိန့်ချ မှတ်လိုက်တာကို အထက်အဆင့်ဆင့်ကို အယူခံဝင်သွားမှာပါ””ဟု ဒေါ်မေစံပယ် ဖြူက မဇ်္ဈိမကို ပြောသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့မှာပင် ဆန်္ဒထုတ်ဖော်ခဲ့ကြ သည့် ကိုဒီငြိမ်းလင်းအပါအ၀င် ခြောက် ဦးကိုလည်း ကြည့်မြင်တိုင်မြို့နယ်၊ အလုံ မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့မှ ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေပုဒ်မ-၁၈ အရ အဆိုပါ မြို့နယ်သုံးမြို့နယ်လုံးအတွက် တစ်ဦးလျှင် ထောင်ဒဏ်တစ်လစီကျခံရန် စမ်းချောင်း မြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။

RainFall Gender Study Group မှ ဒေါ်ဇင်မာအောင်က “ပုဒ်မ ၁၈ဆိုတာ ရှိကို မရှိစေချင်တာ။ အဲ့ဒီ အရေးယူမှုကြီးက ရှေ့နောက်ကိုက်ညီမှုမရှိတာတွေ့ရတယ်။ အစ်မရဲ့အယူအဆကို ပြောရမယ် ဆို ထောင်ဒဏ်ထက်စာရင် ဒဏ်ငွေတစ်သောင်းဆိုတာ မဆိုးဘူးလို့ ပြောရမယ်”” ဟု ပြောဆိုသည်။

၎င်းတို့အား ၂၀၁၂ ခုနှစ် စက်တင် ဘာ၂၁ရက်က ရန်ကုန်တိုင်းအတွင်းရှိ စမ်းချောင်းမြို့နယ်၊ ကျောက်တံတားမြို့ နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင် မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာ မွေမြို့နယ်၊ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့မှတရားစွဲဆိုထားခြင်းဖြစ်ပြီး ထားခြင်း ဖြစ်သော်လည်း နိုဝင်ဘာ၂၆ရက်က စမ်းချောင်းမြို့နယ်နှင့် ဒဂုံမြို့နယ်များ စီရင်ချက်ချမှတ်ခံရခြင်း ဖြစ်သည်။

No comments: