Thursday, November 28, 2013

ဒေါ်စုရဲ့ သြစီခရီး ပထမနေ့ အထူးအစီအစဉ်

ABC

၅ ​ရက်တာ ​ခရီးစဉ် ​အဖြစ် ​သြစတြေးလျကို ​ရောက်ရှိနေတဲ့ ​မြန်မာ့ ​ဒီမိုကရေစီ ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည် ​ဟာ ​ဗုဒ္ဓဟူးနေ့ ​မွန်းလွဲပိုင်းမှာ ​New ​South ​Wales ​ဘုရင်ခံရုံးကို ​သွားရောက်ပြီး ​ဂုဏ်ပြု ​နေ့လည်စာ ​စားသုံးခဲ့ပြီး ​ဆစ်ဒနီမြို့ရဲ့ ​အော်ပရာဟောက်စ် ​မှာ ​မြန်မာ ​မိသားစုဝင်တွေနဲ့ ​တွေဆုံခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ​အော်ပရာဟောက်စ်မှာပဲ ​ဒုတိယ ​အစီအစဉ်အနေနဲ့ ​သြစတြေးလျနိုင်ငံက ​အထင်ကရ ​တက္ကသိုလ်တွေဖြစ်တဲ့ ​ဆစ်ဒနီ ​နည်းပညာ ​တက္ကသိုလ် ​(University ​of ​Technology) ​နဲ့ ​ဆစ်ဒနီ ​တက္ကသိုလ်(University ​of ​Sydney) ​တို့က ​ချီးမြှင့်တဲ့ ​ဂုဏ်ထူးဆောင် ​ပါရဂူ ​ဘွဲ့တွေကို ​လက်ခံ ​ရယူ ​ခဲ့ပါတယ်။

ကြာသပတေးနေ့ ​ခရီးစဉ်ရဲ့ ​ဒုတိယနေ့မှာတော့ ​ဆစ်ဒနီမြို့မှာ ​ရှိတဲ့ ​Lowy ​Institute ​ကို ​သွားရောက်မှာ ​ဖြစ်ပါတယ်။

No comments: