Friday, November 29, 2013

ဖွဲ့​စည်း​ပုံ​ပြင်​ရေး ​အန်​အယ်လ်​ဒီ​ကမ်း​လှမ်း​ချက် ​စ​ဉ်း​စား​မည်​ဟု ​သ​မ္မ​တ​ပြော​ခွင့်​ရ ​တုံ့​ပြန်

ေ​ရွှ​အောင်

ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​အ​ဆင်​ပြေ​ချော​မွေ့​စေ​ဖို့ ​သ​မ္မ​တ၊ ​လွှတ်​တော်၊ ​တပ်​မ​တော်​တို့​နဲ့ ​တွေ့​ဆုံ​ဆွေး​နွေး​လို​ကြောင်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​မေ​တ္တာ​ရပ်​ခံ​စာ​ကို ​လွှတ်​တော်​ဖွဲ့​စည်း​ပုံ ​လေ့​လာ​သုံး​သပ်​ရေး​ကော်​မ​တီ ​အ​စီ​ရင်​ခံ​စာ​ထွက်​ချိန်​ထိ ​စောင့်​ဆိုင်း​ပြီး ​စ​ဉ်း​စား​လုပ်​ဆောင်​သင့် ​တယ်​လို့ ​သ​မ္မ​တ​ရဲ့ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ ​တုံ့​ပြန်​ပြော​ကြား​လိုက်​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​သ​မ္မ​ထံ​ပေး​ပို့​ထား​တဲ့ ​စာ​နဲ့ ​ပတ်​သက်​လို့ ​သ​မ္မ​တ​ရဲ့ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ ​ဦး​ရဲ​ထွဋ်​က ​အ​ခု​လို ​တုံ့​ပြန်​ပြော​ကြား ​လိုက်​တာ​ဖြစ်​ပါ​တယ်။

“​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး ​ကိ​စ္စ​က ​နိုင်​ငံ​သား​အား​လုံး​အ​တွက် ​အ​ရေး​ကြီး​တဲ့​ကိ​စ္စ​လို့ ​မြင်​ပါ​တယ်။ ​နောက်​တ​ခါ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​တ​ခု​တည်း​သာ​မ​က ​တ​ရား​၀င်​ဖွဲ့​စည်း​ထား​တဲ့ ​ပါ​တီ ၅၈ ​ခု​နဲ့​သက်​ဆိုင်​တဲ့ ​ကိ​စ္စ​လည်း​ဖြစ်​တယ်။ ​အား​လုံး​ပါဝင်​ဆွေး​နွေး​ရ​မယ့် ​ကိ​စ္စ​ဖြစ်​တယ်​လို့ ​မြင်​ပါ​တယ်။ ​သို့​သော် ​ပြည်​ထောင်​စု​လွှတ်​တော်​က ​ဖွဲ့​စည်း​ပေး​ထား​တဲ့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​လေ့​လာ​သုံး​သပ်​ရေး ​ကော်​မ​တီ​က ​လုပ်​ငန်း​တွေ ​စ​တင်​နေ​ပြီး ​ဒီ​ဇင်​ဘာ​လ​မှာ ​အ​စီ​ရင်​ခံ​စာ​ကို ​တင်​သွင်း​မယ်​လို့ ​သတ်​မှတ်​ထား​ပြီး​ဖြစ်​ပါ​တယ်။ ​ဒီ​အ​စီ​ရင်​ခံ​စာ ​မ​ပေါ်​ခင် ​တ​ခြား​နည်း​လမ်း​တွေ​နဲ့ ​တွေ့​ဆုံ​မှု​တွေ ​လုပ်​လိုက်​မယ်​ဆို​ရင် ​ကော်​မ​တီ​ရဲ့ ​လုပ်​ငန်း​တွေ​နဲ့ ​ကွဲ​လွဲ​သွား​နိုင်​တယ်။ ​ကော်​မ​တီ​ရဲ့ ​တွေ့​ရှိ​ချက်​တွေ​နဲ့ ​ကွဲ​လွဲ​သွား​နိုင်​တယ်။ ​ပြည်​ထောင်​စု​လွှတ်​တော်​ရဲ့ ​အ​ခန်း​က​ဏ္ဍ​ကို ​အ​လေး​မ​ထား​ရာ ​ဖြစ်​မှာ​စိုး​လို့ ​သ​မ္မ​တ​ကြီး​နဲ့ ​တပ်​မ​တော်​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ်​က ​ဒီ​လို​မျိုး ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​နဲ့​သာ​မ​က ​တ​ခြား​ပါ​တီ​တွေ​နဲ့ ​တွေ့​ဆုံ​ဆွေး​နွေး​တဲ့​ကိ​စ္စ​တွေ​ကို ​အ​စီ​ရင်​ခံ​စာ ​ပေါ်​ထွက်​လာ​ပြီး​တဲ့​အ​ထိ ​စောင့်​ဆိုင်း​ပြီး​မှ ​စ​ဉ်း​စား​ဆောင်​ရွက်​သင့်​တယ်​လို့ ​မြင်​ပါ​တယ်။”


အ​ဖွဲ့​ချုပ်​က​တော့​ ​သ​မ္မ​တ​ဆီ​က ​သူ​တို့​ဆီ ​တ​ရား​၀င် ​အ​ကြောင်း​ပြန်​စာ ​ပေး​ပို့​တာ ​မ​ရှိ​သေး​ကြောင်း​နဲ့ ​သ​မ္မ​တ​ပြော​ခွင့်​ရ​သူ​ရဲ့ ​တုံ့​ပြန်​ပြော​ကြား​ချက်​ဟာ ​လုံ​လောက်​တဲ့ ​အ​ကြောင်း​ပြ​ချက် ​မ​ဟုတ်​ဘူး​လို့ ​အန်​အယ်လ်​ဒီ​ပါ​တီ​ရဲ့ ​ပြော​ခွင့်​ရ​သူ ​ဦး​ဥာဏ်ဝင်း​က ​မှတ်​ချက်​ပေး​ပါ​တယ်။

“​ကျ​နော်​တို့​က ​အဲ​ဒီ​လို ​တွေ့​ဆုံ​ဖို့​ကိ​စ္စ ​ဖြစ်​နိုင်​တယ်၊ ​ဖြစ်​သင့်​တယ်​လို့ ​ယူ​ဆ​ပြီး ​စာ​ပို့​တာ​ပါ။ ​အ​ခု​န​က ​အ​ဖြေ​က ​မ​လုံ​လောက်​သေး​ဘူး​လို့ ​ထင်​ပါ​တယ်။ ​ဒီ​ကော်​မ​တီ​ရှိ​တာ ​ကျ​နော်​တို့​လည်း ​သိ​ပါ​တယ်။ ​သို့​သော် ​လို​အပ်​ချက်​က ​နိုင်​ငံ​ရေး​လို​အပ်​ချက်၊ ​ဥ​ပ​ဒေ ​လို​အပ်​ချက်​မ​ဟုတ်​ဘူး​။ ​ဥ​ပ​ဒေ​လို​အပ်​ချက် ​ဘာ​လဲ​ဆို​တာ ​ကျ​နော်​တို့​လည်း ​သိ​ပါ​တယ်။ ​ဥ​ပ​ဒေ​လို​အပ်​ချက်​ပဲ ​ပြော​ရင်​တော့ ​မ​ပြည့်​စုံ​ဘူး​လို့ ​ယူ​ဆ​ပါ​တယ်။”

နိုဝင်​ဘာ ၂၃ ​ရက်​က ​ကျင်း​ပ​ခဲ့​တဲ့ ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင်​အ​ဖွဲ့ ​အ​စည်း​အဝေး​က​နေ ​အ​ဖွဲ့​ချုပ်​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်၊ ​သ​မ္မ​တ၊ ​လွှတ်​တော်​နဲ့ ​တပ်​မ​တော်​တို့ ​တွေ့​ဆုံ​ပြီး ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​အ​ဆင်​ပြေ​ချော​မွေ့​စေ​ဖို့ ​ဆွေး​နွေး​ကြ​ဖို့​နဲ့ ​ဒီ​လို​ဆွေး​နွေး​လို​ကြောင်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​သ​မ္မ​တ​ထံ ​မေ​တ္တာ​ရပ်​ခံ​စာ ​ပေး​ပို့​ပါ​လို့ ​ဆုံ​ဖြတ်​ချက် ​ချ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

No comments: