Friday, November 29, 2013

ထားထက်ထက်က Miss Grand International 2013 ဆုကြေးငွေထဲက အချို့ကို မိဘမဲ့ကလေးများအတွက် လှူဒါန်း

ပန်းမြတ်ဇော်

Miss Grand International 2013 ပြိုင်ပွဲမှ ရရှိခဲ့သည့် ဆုကြေးငွေများထဲမှ ငွေကြေးအချို့ကို ဆင်းရဲနွမ်း ပါးသည့် မိဘမဲ့ကလေးများအား ထားထက်ထက်က နိုဝင်ဘာ ၂၇ ရက်တွင် သွားရောက် လှူဒါန်းခဲ့သည်။

ယင်းသို့လှူဒါန်းရာတွင် ထားထက်ထက်သည် မဟာသိပံ္ပဘုန်းကြီး ကျောင်းမိဘမဲ့ ကလေးများအတွက် အလှူ ငွေကျပ်သုံးသိန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ချင်းမိဘမဲ့ဂေဟာအတွက် အလှူငွေ ကျပ် သုံးသိန်း အစရှိသဖြင့် လှူဒါန်း ခဲ့သည်။

“မိဘမဲ့ကလေးတွေအပြင် သက်ကြီး ရွယ်အိုတွေကိုလည်း လှူဒါန်းသွားဖို့ အစီ အစဉ်ရှိပါတယ်။ အခုက တော့ ပဒေသာ ပင်ပုံစံမျိုးပဲ လုပ်ထားသေးတယ်။ ထားထက်ထက် ပဒေသာပင်ဆိုပြီး လှူဒါန်းပါ တယ်။ နောက်ပိုင်းမှာလဲ အနုပညာကြေးတွေကနေ စုပြီးလှူဒါန်းသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ထားထက် ထက်က ပြောသည်။

ထားထက်ထက်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Thunderdome တွင် နိုဝင်ဘာ ၁၉ရက်က ပထမဆုံး အကြိမ် ကျင်းပခဲ့သည့် Miss Grand International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့ ပြီးMiss Popular Vote (The most honorable and invaluable special award of Myanmar),T-Pagent People's Choice Award, Global Beauties Favourite Poll Winnner, The Beauty Concept People]s Choice Award တို့ကို ဆွတ်ခူးခဲ့ သည်။ ယင်းဆုများအနက်Miss Grand Internationalပြိုင်ပွဲမှ ပေးအပ်သည့်Miss Popular Vote အတွက် ဆုကြေး အဖြစ် အမေရိကန်ဒေါ်လာ ၃၀၀၀ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

No comments: