Wednesday, November 27, 2013

တယ်လီနော (မြန်မာ)က ယခုနှစ်မကုန်မီ ၀န်ထမ်း ၁၆၀ ခန့်အပ်သွားရန်ရှိ

စ,ချိုကို

ပြည်တွင်းတွင် ဆက်သွယ်ရေးလိုင်စင်ရ တယ်လီနောကုမ္ပဏီက မြန်မာနိုင်ငံရုံးအတွက် ယခုနှစ်မကုန်မီ ၀န်ထမ်း ၁၆၀ ခန့် အပြီးသတ်ခန့်အပ်သွားရန်ရှိသည်ဟု နိုဝင်ဘာ ၂၆ ရက်တွင် တယ်လီနော (မြန်မာ) က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရုံးအတွက် ယခုနှစ် သြဂုတ်လမှစတင်၍ ၀န်ထမ်းများ စတင်ခေါ်ယူလျက်ရှိပြီး စီမံခန့်ခွဲမှု၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးမှု၊ စာရင်းအင်းနှင့် အခြားဌာနများ တွင် လက်ရှိအချိန်အထိ ၀န်ထမ်းပေါင်း ၈၀ နီးပါး ခန့်အပ်ထားပြီးဖြစ်သည်ဟုလည်း ကုမ္ပဏီထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် တယ်လီနော၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ်Mr.Peter Furberge က “လက်ရှိအချိန်အထိ တယ်လီနော(မြန်မာ) အတွက် ၀န်ထမ်းပေါင်း ၈၀ ကျော်ခန့်အပ် ထားပြီးပါပြီ။ ဒီနှစ်အကုန်မှာ ၀န်ထမ်းပေါင်း ၁၆၀ အထိ ခန့်အပ်သွားဖို့ရှိပါတယ်”ဟု ပြောသည်။

တယ်လီနော(မြန်မာ)အနေဖြင့် ၂၀၁၄ နှစ်ကုန်တွင် ၀န်ထမ်းအင်အား ၁၀၀၀ ခန့်ခန့်အပ်သွားရန်ရှိပြီး ဒေသခံလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်သူများနှင့် Vendor များမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း ၂၀၀၀ ခန့် စီစဉ်ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အဆင့်အားလုံးမှ ၀န်ထမ်းများအတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအစီအစဉ်များကို သင်ကြားရေးစင်တာတစ်ခုဖြစ်သည့် Telenor Myanmar Academy တွင် ၂၀၁၃ ဒီဇင်ဘာမှစတင်၍ လည်း သင်တန်းဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

တယ်လီနော(မြန်မာ)၏ ၀န်ထမ်းဆိုင်ရာ အမှုဆောင်အရာရှိ Ms. Kaews-ringarm က “ကျွမ်းကျင်မှုဖွံ့ ဖြိုးရေးနဲ့ လေ့ကျင့်ရေးအစီအစဉ်များကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းက လုပ်ငန်းအတွင်း သင့် လျော်တဲ့သူတွေရောက်လာဖို့ ဆွဲဆောင်နိုင်စေပါတယ်”ဟု ဆိုသည်။

ထို့ပြင်Telenor Myanmar Carrer Seminar ကို ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိCo.Oper-ative Business Centre တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါနေ့တွင် အလုပ်လျှောက်ထား ရန် စိတ်ဝင်စားသည့်သူများCV ဖောင်လာရောက်တင်သွားနိုင်သည်ဟုလည်း တယ်လီနောမှ သိရ သည်။

No comments: