Friday, November 29, 2013

ရန်ကုန်ခိုးဝင် မွတ်စလင် ၇ ဦး ဖမ်းဆီးခံရ

ABC

ရခိုင်ပြည်နယ် ​ကျောက်တော်မြို့ကနေ ​ရန်ကုန်ကို ​ခွင့်ပြုချက်လက်မှတ်မပါဘဲ ​ရောက်ရှိလာတဲ့ ​မွတ်စလင်လူမျိုး ​(၇)ဦးကို ​မြန်မာနိုင်ငံအတွင်းနေထိုင်သူများ ​မှတ်ပုံတင်ရေးဥပဒေနဲ့ ​နိုဝင်ဘာလ ​၂၇ ​ရက်နေ့က ​အမှုဖွင့်အရေးယူထားတယ်လို့ ​ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေသိရပါတယ်။

နိုဝင်ဘာလ ​၂၆ ​ရက်နေ့က ​မှော်ဘီမြို့နယ်အမှတ်(၄)လမ်းဆုံရှိ ​စစ်ဆေးရေးဂိတ်ကို ​ဖြတ်ကျော်ပြီးတော့ ​ပြည်ဘက်ကနေရန်ကုန်ဘက်ကို ​မောင်းလာတဲ့ ​ကားတစီးကို ​မှော်ဘီမြို့နယ် ​အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ​ဦးစီးအရာရှိနဲ့အဖွဲ့ကတားဆီးစစ်ဆေးပြီး ​ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မှော်ဘီမြို့နယ်ရဲ့စခန်းက ​တာဝန်ကျရဲ့အရာရှိတစ်ဦးရဲ့ ​အဆိုအရ ​ဖမ်းဆီးရမိတဲ့သူတွေကို ​စစ်ဆေးနေစဲဖြစ်ပါတယ်။

ယာဉ်မောင်း ​အောင်မျိုးထိုက်ဆိုသူနဲ့ ​ယာဉ်ပေါ်ပါ ​မသူဇာထွေးတို့ကိုတော့ ​ပြစ်မှုပုဒ်မ ​၃၆၇/၃၇၀ ​တို့နဲ့ ​မှော်ဘီမြို့နယ်ရဲစခန်းက ​စစ်ဆေးနေတယ်လို့ ​မြစ်မခ ​သတင်းအရသိရပါတယ်။

No comments: