ABC
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ကို နိုင်ငံသားအဖြစ်ပေးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၈ရက်နေ့မနက်ပိုင်းမှာ ရာနဲ့ချီတဲ့ဒေ သခံပြည်သူတွေက ကန့်ကွက် ခဲ့ကြ တယ်လို့ သိရပါတယ်။
(၆၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ နိုဝင်ဘာလ ၁၉ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီညီလာခံကနေ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက တတိယအကြိမ်အစည်းအဝေးမှာတင်ပြတဲ့ မြန်မာနိုင်ငံလူ့အခွင့် အ ရေးနဲ့ပတ်သက်တဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံအစိုးရကို ဖိအားပေးတိုက်တွန်းဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးထွန်းကြည်က အခုလိုပြောပါတယ်။
“မြို့ကိုတပတ်ပတ်ပြီးတော့ အင်အား ၉ရာလောက်နဲ့ ဆိုင်းပုဒ်တွေထောင်ပြီးတော့ ဆန္ဒဖော်ထုတ်ပွဲလုပ် ပါတယ် ခင်ဗျ၊ ကုလသမဂ္ဂ တတိယကော်မတီကနေ ဆုံးဖြတ်ပြီးတောင်းဆိုလိုက်တဲ့ ရိုဟင်ဂျာကို မြန်မာနိုင်ငံသား အမြန်ဆုံးပေးဖို့ဆိုတဲ့ အချက်တွေကို ကန့်ကွက်တာပါခင်ဗျ။”
ကုလသမဂ္ဂတတိယအကြိမ်ကော်မတီအစည်းအဝေးကချမှတ်လိုက်တဲ့ အခုလိုဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေနဲ့ ဒေသခံရခိုင် လူမျိုးတွေကြား နောက်ထပ်ပြဿနာကို ပိုကြီးထွားလာစေနိုင်တယ်လို့လည်း ဦးထွန်းကြည်က ဆက်ပြောပါတယ်။
“ကျနော်တို့ပြည်တွင်းရေးပဲလေ၊ ပြည်တွင်းရေးမှာ ငြိမ်သက်စပြုနေတဲ့အချိန်မှာ ပြောလိုက်တဲ့အခါကျတော့ ကျနော်တို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဟိုဘက်က ခိုးဝင်တဲ့ဘင်ဂလီတွေနဲ့ ပြဿနာတွေ ပိုကြီးလာနိုင် တယ်၊ ပြဿနာဖြေရှင်းရာမရောက်ပဲနဲ့ ကုလသမဂ္ဂက ဖိအားတွေပေးလာရင် နိုင်ငံတော်ကသာ လိုက် လျောပြီးခွင့်ပြုလိုက်ရင် ကျနော်တို့ ရခိုင်တိုင်ရင်းသားတွေ၊ ကျန်တဲ့တိုင်းရင်းသားတွေကအစ ပြဿနာက တက် လာနိုင်တယ်၊ အဲဒါကြောင့် ကုလသမဂ္ဂ မှာ သံအမတ်ကြီး ဦးကျော်တင့် ကန့်ကွက်သလိုပေါ့ ကျနော်တို့ တိုင်းရင်းသားပြည်သူတွေလည်း အဲဒီသဘောထားအတိုင်းပါပဲလို့ ဖော်ထုတ်တာပါခင်ဗျ။”
လမ်းလျောက်ဆန္ဒပြတဲ့နေရာမှာ ကုလသမဂ္ဂမှ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်ခွင့်ကိုလေးစားပါ၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဘယ်တုန်းကမှမရှိပါ၊ ၁၉၈၂ခုနှစ်နိုင်ငံသားပြုမှုဥပဒေအတိုင်း အတိအကျ အကောင်အထည်ဖော်ပါဆိုတဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာလို့ ပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment