Thursday, November 28, 2013

ကုလ ဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြရန် ရမ်းဗြဲမြို့တွင် ခွင့်ပြုလိုက်ပြီ

နိရဉ္စရာ

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မီတီ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြမည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ဒေသခံတို့၏ တောင်းဆိုချက်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ပြီဟု သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး တတိယ ကော်မီတီ၏ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဘင်္ဂလီမျိုးနွယ်စုဝင်များအား ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသားအဖြစ် အသိအမှတ် ပြုရန် မြန်မာ အစိုးရကို တောင်းဆိုထားသည့် အချက်ပါဝင်သည်။

၎င်းတောင်ဆိုမူသည် နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါးသည်သာမက မထီမဲ့မြင် ပြုလုပ်ရာ ရောက်သဖြင့် ၎င်းဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဦးဆောင်ရာတွင် ပါဝင်သူ ရမ်းဗြဲဒေသခံ ဗိုလ်ကြီးဟောင်း ဦးထွန်းကြည်က ပြောသည်။

ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲကို မနက်ဖြန် (နိုဝင်္ဘာလ ၂၈ ရက်နေ့) နံနက် ၉ နာရီတွင် စတင် ပြုလုပ်မည်ဟု ၄င်းက ပြောဆိုသည်။

No comments: