Friday, November 29, 2013

လယ်​တီ​စေ​တီ​တော် ​စိန်​ဖူး​တော်​တင်​ရန် ​ပင့်​ဆောင်​စ​ဉ် ​အာ​ဏာ​ပိုင်​များ ​တား​မြစ်

ကို​ဈာန်

မုံ​ရွာ​ခ​ရိုင် ​ဆား​လင်း​ကြီး​မြို့​နယ် ​လက်​ပံ​တောင်း​တောင်​ရှိ ​လယ်​တီ​တောင်​ကြား ​ကျောင်း​ဟောင်း ​စေ​တီ​တော် ​စိန်​ဖူး​တော်​အ​သစ်​တင်​ဖို့ ​ပင့်​ဆောင်​သွား​တဲ့ ​သံ​ဃာ​တော်​တွေ​နဲ့ ​ဒေ​သ​ခံ ၁၀၀ ​ကျော်​ကို ​အာ​ဏာ​ပိုင်​တွေ​က ​ဒီ​နေ့ ​နံ​နက်​ပိုင်း​မှာ ​တား​မြစ်​လိုက်​ပါ​တယ်။

မ​နှစ်​က​တည်း​က ​မြေ​ခ​ခဲ့​တဲ့ ​လယ်​တီ​တောင်​ကြား ​ကျောင်း​ဟောင်း ​စေ​တီ​တော် ​စိန်​ဖူး​တော်​နဲ့ ​ထီး​တော် ​အ​သစ်​တင်​ဖို့​အ​တွက် ​တုံ​ရွာ​က​နေ​ပြီး ​လယ်​တီ​စေ​တီ​တော်​ဆီ​ကို ​သွား​ရောက်​နေ​တဲ့ ​သံ​ဃာ​တော်​တွေ​နဲ့ ​ဒေ​သ​ခံ​တွေ​ကိုေ​ရွှ​လှေ​ရွာ ​အ​နီး​မှာ ​အာ​ဏာ​ပိုင်​တွေ​နဲ့ ​လုံ​ထိန်း​ရဲ​တွေ​က ​တား​မြစ်​လိုက်​တာ​ပါ။

ဥ​ပ​ဒေ​နဲ့ ​ဆန့်​ကျင်​တဲ့ ​အ​စု​အဝေး​ကို ​တား​ဆီး​ခြင်း​ဖြစ်​ပြီး ​ဘာ​သာ၊ ​သာ​သ​နာ​နဲ့ ​မ​သက်​ဆိုင်​ကြောင်း ​ဆား​လင်း​ကြီး​ဒေ​သ ​ခ​ရိုင်​ဒု​ရဲ​မှူး​ကြီး ​ဦး​တင်​ထွန်း​က ​ပြော​ပါ​တယ်။

“​ဦး​ဇင် ​ဦး​၀​ဏ္ဏ​သိ​ဒ္ဓိ​က​နေ​ပြီး​တော့ ​ဒီ ​စိန်​ဖူး​တော်​ကို ၂၀၁၂ ​ခု​နှစ် ​မြေ​ခ​တဲ့ ​အ​ချိန်​က ​စ​ပြီး ​သိမ်း​သွား​တယ်။ ​ပြီး​တော့ ​စိန်​ဖူး​တော် ​အ​သစ်​တင်​မယ်​ဆို​ပြီး ​မြို့​နယ် ​အုပ်​ချုပ်​ရေး​မှူး​ဆီ ​တင်​ပြ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​မြို့​နယ် ​အုပ်​ချုပ်​ရေး​မှူး​က​နေ​ပြီး​တော့ ​ဘာ​သာ၊ ​သာ​သ​နာ​ရေး​ဆိုင်​ရာ ​ထုံး​တမ်း​အ​စ​ဉ်​အ​လာ​တွေ​နဲ့ ​မ​ညီ​တဲ့​အ​တွက်​ကြောင့်​မို့​။ ​နောက်​တ​ခါ ​ဒါ​ဟာ ​တား​မြစ်​ထား​တဲ့ ​စီ​မံ​ကိန်း​ဧ​ရိ​ယာ ​ဖြစ်​တဲ့​အ​တွက်​ကြောင့် ​အ​ထွေ​ထွေ ​အုပ်​ချုပ်​ရေး ​ဦး​စီး​ဌာ​န ​က​နေ​ပြီး​တော့ ​တား​မြစ်​ကန့်​ကွက်​ထား​ပါ​တယ်။ ​အ​ခု​လို ​ဥ​ပ​ဒေ​နဲ့​အ​ညီ ​ခွင့်​ပြု​မိန့်​ရ​ရှိ​ထား​ခြင်း ​မ​ရှိ​ဘဲ​နဲ့ ​လမ်း​ပေါ်​မှာ ​လူ​စု​လူဝေး​နဲ့ ​ထွက်​လာ​တဲ့ ​အ​တွက်​ကြောင့် ​ကျ​နော်​တို့​က ​ဥ​ပ​ဒေ​နဲ့ ​ဆန့်​ကျင်​တဲ့ ​အ​စု​အဝေး​ကို ​ဥ​ပ​ဒေ​နဲ့​အ​ညီ ​တား​မြစ်​ရ​ခြင်း​ဖြစ်​ပါ​တယ်။ ၂၉ ​ရက်၊ ၁၁ ​လ၊ ၂၀၁၂ ​နှစ်​ပတ်​လည်​နေ့​ဆို​တာ​ကို ​အ​ကြောင်း​ပြ​ပြီး​တော့ ​ပြဿ​နာ​တ​ရပ်​ကို ​ဖန်​တီး​လို့​တဲ့ ​ရည်​ရွယ်​ချက်​နဲ့ ​လှုပ်​ရှား​တာ​ဖြစ်​တဲ့​အ​တွက် ​တား​ဆီး​ခြင်း ​ဖြစ်​ပါ​တယ်။”


ဒေ​သ​တည်​ငြိမ်​အေး​ချမ်း​ဖို့​အ​တွက် ​ဒေ​သ​ခံ​တွေ​က ​ဥ​ပ​ဒေ​ကို ​လေး​စား​လိုက်​နာ​ပြီး ​နား​လည်​ဖို့ ​လို​တယ်။ ​သူ​တို့ ​နစ်​နာ​တယ်​လို့ ​ယူ​ဆ​ထား​တဲ့ ​ခံ​စား​ချက်​တွေ ​ဆုံး​ရှုံး​မှု​တွေ ​နစ်​နာ​မှု​တွေ​ကို ​ဥ​ပ​ဒေ​ဘောင်​အ​တွင်း​က​နေ​ပြီး​တော့ ​တ​ရား​၀င် ​တင်​ပြ​တောင်း​ဆို​သင့်​တယ်။ ​တောင်း​ဆို​ဖို့ ​အ​ခွင့်​အ​လမ်း​တွေ​လည်း ​သူ​တို့​ဆီ​မှာ ​ရှိ​ပြီး​သား​ဖြစ်​တယ်​လို့ ​ဒု​ရဲ​မှူး​ကြီး ​တင်​ထွန်း​က ​ဆက်​လက်​ပြော​ဆို​ပါ​တယ်။

ပိတ်​ဆို့ ​ဟန့်​တား​ရ​ခြင်း ​အ​ကြောင်း​အ​ရင်း​နဲ့ ​ပတ်​သက်​ပြီး ​ဆား​လင်း​ကြီး​မြို့​နယ် ​အုပ်​ချုပ်​ရေး​မှူး ​ဦး​ကျော်​သောင်း​က “​ဗု​ဒ္ဓ​ဘာ​သာ ​ထုံး​တမ်း​စ​ဉ်​လာ​အ​ရ ​စိန်​ဖူး​တော် ​တင်​တယ်​ဆို​တာ ​စိန်​ဖူး​တော် ​တ​ခု​တည်း ​တင်​လို့​မ​ရ​ဘူး​ခင်​ဗျ။ ​နောက် ​တန်​ခိုး​ကြီး ​ဘု​ရား​တွေ​မှာ ​ရင်​ငွေ့​ခို​လှုံ၊ ​ဆ​ရာ​တော်​သံ​ဃာ​တော်​တွေ​ရဲ့ ​ဦး​ဆောင် ​ဩ၀ါ​ဒ​ခံ​ယူ​မှု​နဲ့ ​အဲ​ဒီ​လို​မျိုး​တင်​ရ​တာ​ပါ​ခင်​ဗျ။ ​ထီး​တော်​တွေ​ရော ​ဘာ​တွေ​ကော ​တင်​ရ​တာ။ ​လူ​ကြီး​တွေ​ရဲ့ ​ခွင့်​ပြု​ချက်​နဲ့ ​အ​ဆင့်​ဆင့်​လုပ်​သင့်​တယ်​လို့​” ​လို့ ​ပြော​ပါ​တယ်။

အာ​ဏာ​ပိုင်​တွေ​ကို ​အ​သိ​ပေး​အ​ကြောင်း​ကြား​စာ ​ပို့​ခဲ့​ကြောင်း​ကို ​လယ်​တီ​စေ​တီ ​စိန်​ဖူး​တော် ​တင်​ရာ​မှာ ​ဦး​ဆောင်​ဆ​ရာ​တော် ​ဦး​၀​ဏ္ဏ​သိ​ဒ္ဓိ ​က ​ပြော​ပါ​တယ်။

“​အာ​ဏာ​ပိုင်​အ​ဖွဲ့​အ​စည်း​ကို ​ဦး​ဇင်း​တို့ ​အ​သိ​ပေး ​အ​ကြောင်း​ကြား​စာ​ပို့​ထား​တာ​ကို ​မ​နေ့​က​ပဲ ​အ​ကြောင်း​ပြန်​စာ ​ရောက်​လာ​တယ်။ ​သံ​သ​ရာ ​အ​ကျိုး​ကို ​မျှော်​ကိုး​ပြီး ​အ​မှား​အ​ယွင်း​မ​ရှိ​အောင် ​စ​ဉ်း​စား​ချင့်​ချိန်​ပြီး​တော့ ​လုပ်​ပါ​ဆို​တဲ့ ​စာ​ရောက်​လာ​တယ်။ ​ဦး​ဇင်း​တို့​က ​အ​မှား​အ​ယွင်း​မ​ရှိ​အောင်​လည်း ​ဒေ​သ​ခံ ​ရွာ​သူ​ရွာ​သား​များ​နဲ့​တ​ကွ ​ဦး​ဇင်း​တို့ ​သံ​ဃာ​တွေ ​ဦး​ဆောင်​ပြီး​တော့ ​သံ​သ​ရာ​အ​ကျိုး​ကို ​မျှော်​ကိုး​ပြီး​တော့ ​တင်​လှူ ​ပူ​ဇော်​တာ​ဖြစ်​ပါ​တယ်။”

တား​မြစ်​ခံ​ရ​မှု​ကြောင့် ​လယ်​တီ​စေ​တီ​တော် ​စိန်​ဖူး​တော်​ကို ​ဆ​န္ဒ​ပြ ​သ​ပိတ်​စ​ခန်း​ဖွင့်​ထား​တဲ့ ​အင်​ကြင်း​တောင်​ပေါ်​မှာ ​စံ​ပယ်​နိုင်​ရန် ​ပင့်​ဆောင်​သွား​ခဲ့​ပါ​တယ်။

No comments: