Thursday, November 28, 2013

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရယူ

ABC

မြန်မာ့ဒီမိုကရေစီ ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်း ​စုကြည်ရဲ့ ​သြစတြေးလျနိုင်ငံ ​ပထမနေ့ ​ခရီးစဉ်အတွင်း ​သြစတြေးလျနိုင်ငံရဲ့ ​သင်္ဂေတတစ်ခုဖြစ်တဲ့ ​ဆစ်ဒနီ ​Opera ​House ​မှာ ​တက္ကသိုလ်နှစ်ခုက ​ပေးအပ်တဲ့ ​ဂုဏ်ထူးဆောင် ​ဒေါက်တာဘွဲ့တွေလည်း ​ရရှိခဲ့ပါတယ်။

တက္ကသိုလ်နှစ်ခုက ​ပေးအပ်တဲ့ ​ဂုဏ်ထူးဆောင် ​ချီးမြင့်ပွဲ ​အခမ်းအနားမှာတော့ ​ဗိုလ်ချုပ်အောင်ဆန်းက ​သားသမီးတွေထဲမှာ ​သူ့ကို ​အချစ်ဆုံးလို့ ​သူ့အမေက ​ပြောခဲ့တာတွေက ​သူ့ကို ​ခုလို ​အလုပ်လုပ်တွေလုပ်ဖို့ ​တွန်းအားပေးရာ ​ရောက်တယ်ဆိုတာမျိုးတွေ၊ ​မြန်မာစစ်သားတွေက ​ဗိုလ်ချုပ်အောင်ဆန်းကို ​ဖခင်သဖွယ်မြင်ကြတဲ့အတွက် ​စစ်သားတွေအားလုံးကို ​သူ့ရဲ့ ​ညီအစ်ကိုလို ​မြင်တဲ့အကြောင်း၊ ​မိခင်ဖြစ်သူကလည်း ​စစ်တပ်ကို ​ချစ်ဖို့ ​အမြဲတမ်းပြောတဲ့အကြောင်းတွေကို ​ဒေါ်အေင်ဆန်းစုကြည်က ​ပြောပါတယ်။

ဒါပေမယ့် ​တချို့က ​စစ်တပ်လုပ်ခဲ့တဲ့ ​လုပ်ရပ်ဆိုးတွေအပေါ် ​ဒေါ်အောင်ဆန်းစုကြည် ​နှုတ်ဆိတ်ခဲ့တယ်လို့ ​ပြောဆိုမှုအပေါ်မှာတော့ ​ဒေါ်အောင်ဆန်းစုကြည်က ​စစ်တပ်မကောင်းကြောင်းကို ​သူ့ပါတီလောက် ​ဘယ်သူက ​ပြောခဲ့သလဲဆိုပြီးတော့လည်း ​ဖြေကြားသွားခဲ့ပါတယ်။

သူ့ကို ​လူအများစုက ​ပေးဆပ်မှုတွေ ​အများကြီးလုပ်ခဲ့သူလို့ ​မြင်ကြပေမယ့် ​သူ့အနေနဲ့ ​ပေးဆပ်မှုလို့မမြင်ပဲ ​ရွေးချယ်မှုလို့သာ ​မြင်ကြောင်း၊ ​မြန်မာအရေးက ​သူ့သားတွေရဲ့ ​အရေးထက် ​အရေးကြီးတယ်ဆိုတာကိုလည်း ​သားကြီးကို ​ရှင်းပြခဲ့တဲ့အကြောင်း ​သားငယ်က ​ငယ်သေးတဲ့အချိန်မို့ ​မရှင်းပြခဲ့ဘူးလို့လည်း ​ပြောပါတယ်။

ပြီးတော့ ​သူရွေးချယ်တဲ့လမ်းကြောင်းအတိုင်း ​ဒီမိုကရေစီအရေးကို ​လုပ်သွားမှာဖြစ်ပြီး ​မြန်မာပြည်မှာ ​ဒီမိုကရေစီအရေးတွက် ​လုပ်ဆောင်သူ ​တစ်ယောက်ထဲ ​ကျန်ခဲ့ရင်တောင် ​အဲဒီပုဂ္ဂိုလ်က ​သူမသာဖြစ်ချင်ကြောင်းလည်း ​ပြောပါတယ်။

တက္ကသိုလ်က ​ချီးမြင့်တဲ့ဆုတွေဟာ ​ကမ္ဘာက ​သူမတို့နဲ့အတူ ​ရှိတယ်ဆိုတာကို ​ပြသရာရောက်တယ်လို့လည်း ​ပြောသွားခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ​သြစတြေးလျနိုင်ငံက ​ပညာရှင်တွေ၊ ​နိုင်ငံခြားရေးဝန်ကြီးဟောင်း ​ဘော့ဘ်ကားရ်ကို ​နိုင်ငံရေးသမားတွေလည်း ​တက်ရောက်ပြီး ​ခမ်းမကြီးတစ်ခုလုံး ​ပြည့်နှက်နေခဲ့ပါတယ်။

No comments: