Wednesday, November 27, 2013

သံတွဲထောင်မှ လွှတ်လာသူ ပုဒ်မ ၁၈ သမား လေးဦး ထောင်တွင်း အမူ တစ်ခုတွက် ခံဝန်ချက် လက်မှတ် ရေးထိုးရ

နိရဉ္စရာ

နိုဝင်္ဘာလ ၁၅ ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် သံတွဲထောင်မှ လွှတ်လာသူ (၄) ဦးသည် ယနေ့ နိုဝင်္ဘာလ ၂၆ ရက်နေ့တွင် သံတွဲထောင်သို့ သွားရောက်ပြီး ထောင်တွင်းတွင် ဖြစ်ပွားခဲ့သော အမူ တစ်ခု အတွက် ခံဝန် လက်မှတ် ရေးထိုးခဲ့ရသည်ဟု သတင်း ရရှိသည်။

ခံဝန် လက်မှတ်ထိုးရသူများမှာ တောင်ကုတ်က (၃) ဦးနှင့် သံတွဲက တစ်ဦးဖြစ်ကြောင်း လူမူရေး လုပ်ရှား ဆောင်ရွက်နေသူ ကိုခန့်ကိုက ပြောသည်။

“ တောင်ကုတ်က လူတွေက သံတွဲကို ဒီနေ့လာပြီ ခံဝန် လက်မှတ် လာထိုးကြပါတယ်။ အခု လက်မှတ် လာထိုးတာက ပုဒ်မ ၁၈ နဲ့ တစ်စုံတစ်ရာ ပတ်သက်မူ မရှိဘူး။ ပုဒ်မ ၁၈ နဲ့က သူတို့လွှတ်လာပြီ။ အခု ခံဝန် လက်မှတ်ရေးထိုးရတာက ထောင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အမူ တစ်ခုအတွက်ပါ” ဟု ဆိုသည်။

သူတို့ (၄) ဦးမှာ တောင်ကုတ်မှ ကိုစိုးဝင်၊ ကိုသန်းလွှင်စိုး၊ ကိုသံလုံးနဲ့ သံတွဲမှ ကိုစိုးဝေတို့ ဖြစ်ကြသည်။

“ သူတို့အထဲမှာပါတဲ့ တောင်ကုတ် ကိုသံလုံးက ထောင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာ တစ်ခုမှာ မကျေနပ်တဲ့ သူတစ်ဦးကို လက်သီးနဲ့ ထိုးခဲ့တဲ့ အတွက် အဲဒီ အမူအတွက် လာပြီးတော့ ခံဝန်ချက် လာထိုးရတာပါ” ဟု ဆိုသည်။

နိုဝင်္ဘာလ ၁၅ ရက်နေ့က လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် သံတွဲထောင်မှ လွှတ်လာသူ တောင်ကုတ်မှ ကိုစိုးဝင်၊ ကိုသန်းလွှင်စိုး၊ ကိုသံလုံး တို့မှာ မူဆလင် ဒုက္ခသည်များကို ၁၉၈၂ နှစ် နိုင်ငံသား ဥပဒေအရ နိုင်ငံသား ဟုတ် မဟုတ်ကို စိစစ်ပြီးမှ လုံးချင်း အိမ်ယာများ ဆောက်လုပ်ပေးရန် တောင်းဆိုသော ဆန္ဒပြပွဲကို တောင်ကုတ်မြို့တွင် ဦးဆောင်မူ ပုဒ်မ ၁၈ ဖြင့် ထောင် (၃) လ ချမှတ်ခံခဲ့ကြရသည်။

သံတွဲမှ ကိုစိုးဝေမှာ စစ်တပ်က သိမ်းယူသွားသော လယ်မြေများကို လယ်သမားများ လက်သို့ ပြန်ပေးရန် သုံးကြိမ်တိတိ ပိုစတာထောင် ဆန္ဒပြ တောင်းဆိုမူကြောင့် ထောင် (၉)လ ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

No comments: