Thursday, March 27, 2014

ငါးမြွေကုန်းဒေသခံများက မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးအား ရာထူးမှ ဖယ်ရှားပေးရန် ဆန္ဒဖော်ထုတ်မည်

အောင်ကိုဦး

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ငါးမြွေကုန်းကျေးရွာမှ ဒေသခံများသည် ကျောက်ဆည်မြို့နယ် အထွေ ထွေအုပ်ချုပ် ရေးမှူးအား ရာထူးမှဖယ်ရှားပေးရန် ဆန်္ဒ ဖော်ထုတ်သွားနိုင်ရေးအတွက် မတ်လ ၂၅ ရက်က တရားဝင်စာတင်လိုက်ပြီဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် (၈၈)မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ဆက်ဆံရေးရုံး တာဝန်ခံ ကိုစိုးသီဟက မဇ္ဈိမကို ပြောသည်။

ငါးမြွေကုန်းကျေးရွာသည် ၂၀၀၈ ခုနှစ်ခန့်က ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရရှိရေးအတွက် ငွေကြေး အကုန်အကျခံ၊ အကြွေးတင်ခံပြီး ရွာသူရွာသားများ ကိုယ် တိုင်ကြိုးစားခဲ့သောကြောင့် ၂၀၁၀ ပြည့် နှစ်တွင် ကျေးရွာမီးလင်းသည်ဟု ဒေသခံ များက ဆိုသည်။

ထိုသို့ဆောင်ရွက်ခဲ့သော ဒေသခံရွာသူ ရွာသားများအား မီးလင်းရေးကော်မတီ ဥက္ကဋ္ဌဦးအေးမြင့်နှင့် ကျေး ရွာအုပ်ချုပ်ရေး မှူး ဦးမြင့်သိန်းတို့ ပူးပေါင်းပြီး အနိုင်ကျင့် အာဏာပြနေမှုများရှိသောကြောင့် ကျောက် ဆည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းအား ဖြေရှင်းပေးရန် အကြိမ်ကြိမ်တွေ့ဆုံခွင့် တောင်းခဲ့သော် လည်း လက်ခံတွေ့ဆုံရန် ငြင်းပယ်ခဲ့သဖြင့် ရွာသူရွာသားများက မကျေနပ်သောကြောင့် ဆန္ဒဖော်ထုတ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ကို ရွာသူရွာသားတွေကနေ အကူအညီတောင်းလို့ လိုက်ပါဆောင်ရွက်ပေးတယ်။ ပြဿနာ မကြီးထွားအောင်လို့ ၀င်ရောက်ညှိနှိုင်းပေးဖို့အတွက် မြို့နယ်စီမံခန့်ခွဲရေးကော်မတီရယ်၊ မီးလင်းရေး ကော်မတီရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ဒေသခံတွေရယ် တွေ့ဆုံဖြေရှင်းခွင့်တောင်း တာမရဘူး။ “မြို့ နယ်အုပ်ချုပ်ရေးမှူးက ဒေသခံတွေသာ ငြင်းတာမဟုတ်ဘူး။ ကျွန် တော်တို့အဖွဲ့ကိုလည်း ငြင်းတယ်။ ဒါဟာ ပြည်သူ့အစိုးရလက်ထက်မှာ မဖြစ်သင့်ပါဘူး။ အမှားအမှန်ကို ဖြေရှင်းပေးဖို့လိုပါတယ်။ ဒီလိုသာရှောင်နေ ရင် ပြဿနာ မပြီးပါဘူး။ ပိုကြီးထွားဖို့ပဲ ရှိပါတယ်။ တာဝန်ယူစိတ်မရှိတဲ့ ၀န်ထမ်း၊ ပြည်သူကို မျက်နှာလွှဲတဲ့ ၀န်ထမ်း မရှိသင့်ပါဘူး။ ဒါ ကြောင့် ဆန္ဒပြတောင်းဆိုဖို့ တရားဝင်စာ တင်တာဖြစ်ပါတယ်”ဟု ကိုစိုးသီဟ က ပြောသည်။

သက်ဆိုင်ရာဌာနများသို့ ကျေးရွာအတွင်း အဖြစ်အပျက်များကို ပေးပို့ထားပြီး ဖြစ်ရာ ထိုအချက်များမှာ ကျေး ရွာမှ ပြဿ နာများ ဖြေရှင်းနိုင်ရေးအတွက် ရွာသူရွာ သားများက မြို့နယ်အုပ်ချုပ်ရေးမှူးအား တွေ့ဆုံတင်ပြလို သည်ကို တွေ့ဆုံခွင့်မပြု ခြင်း၊ လက်ရှိမီးလင်းရေးကော်မတီဥက္ကဋ္ဌမှာ မီးလင်းရေးနှင့်သက်ဆိုင်သူမဟုတ် သည့်အပြင် ကျေးရွာမီးလင်းရေးစတင်ချိန်ကပင် အမျိုးမျိုးတိုင်ကြားနှောင့်ယှက်နေသူဖြစ်ခြင်း၊ မီးလင်းရေး ကော်မတီ ဖွဲ့စည်းရာတွင်လည်း မြို့နယ်က လာရောက်ဖွဲ့စည်းပေးခဲ့ သည် မှန်သော်လည်း ၎င်းရွေးချယ်ပွဲ သို့ လက်ရှိ မီးလင်းနေသူများ မတက်ရောက်နိုင် ရန် ကျေးရွာအုပ်ချုပ်ရေးမှူးက အသံချဲ့ စက်နှင့်ဆင့်ခေါ်ရာ တွင် လျှပ်စစ်မီး လိုချင်သူများလာရောက်ရန်နှင့် လျှပ်စစ်မီးရရှိပြီးသူများ ၀င်ရောက်စွက်ဖက်ပါက ဖမ်းဆီး အရေးယူမည်ဟု ခြိမ်းခြောက်ကြေညာသ ဖြင့် မီးလင်းသူအများစုမပါဝင်ဘဲ မြို့ နယ်က ဖွဲ့စည်းပေးခဲ့ခြင်း တို့ ဖြစ်သည်။

တဖန် မီးလင်းရေးကော်မတီတွင် လျှပ်စစ်မီးနှင့် မသက်ဆိုင်သူ ကုန်ကျငွေ အချိုး ကျမထည့်ဝင်သူများအား ထည့်သွင်းဖွဲ့ စည်းပေးခြင်း၊ မီးကော်မတီ ဥက္ကဋ္ဌမှာ အာဏာရှင်တစ်ဦးပမာ အမိန့်ကြော်ငြာစာများထုတ် ပြန်၍ ကျေးရွာလူထုအား ခြိမ်း ခြောက်နေခြင်း၊ ကျေးရွာမီးလင်းရေး ကော်မတီများ လိုက်နာရမည့် ကတိ ၀န်ခံချက် ၂၄ချက်တွင် ပထမအချက်ဖြစ်သော ပြည်သူ့သဘောတူညီချက်ဖြင့် ဆောင်ရွက်ပါမည်ဟု သတ် မှတ်ချက်ပါသော်လည်း ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသော လျှပ်စစ်မီးကို ၎င်းတစ်ဦးတည်းပိုင်ကဲ့သို့ တိုးချဲ့ မီတာများ တပ်ဆင်လုပ်ဆောင်နေခြင်းတို့လည်း တင်ပြထားသည်။

ထို့ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ ကျေးရွာတွင်ဖြစ်ပေါ်နေသော ပြဿနာ များကို အေးချမ်းအောင် မဆောင်ရွက်သည့် အပြင် ကျေးရွာသားများ ဒုက်္ခရောက်စေရန် ကျေးရွာတွင်ဆူပူဆန်္ဒပြနေသည်ဟု လိမ်လည်၍ ရဲများအား တိုင်ကြားခေါ်ဆိုခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ပါလျက် လျှပ်စစ်မီးခိုးယူသွယ်တန်းသောကြောင့် ဒဏ်ရိုက်ခံရခြင်းမှာ အုပ်ချုပ်ရေးမှူးတစ်ယောက်၏ အကျင့်စာရိတ္တကို ဖော်ပြနေသည်မှာ ထင်ရှား သောကြောင့် ကျေးရွာအုပ်ချုပ် ရေးမှူးအားလည်း ရာထူးမှဖယ်ရှားလို ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မီးလင်းရေးကော်မတီ ဥက္ကဋ္ဌတို့မှာ ၎င်းင်းတို့ကိုယ်တိုင်လျှပ်စစ်မီးရရှိနေသူများမဟုတ်သည့်အတွက် လျှပ်စစ်မီးကို အချောင်ရလို စိတ် ဖြင့် ကျေးရွာတွင်း လျှပ်စစ်မီးမရရှိသေး သူများအား သွေးထိုးမြှောက် ပင့်ပြီး ရွာသူ ရွာသားအချင်းချင်း စိတ်ဝမ်းကွဲအောင် ဆောင်ရွက်နေခြင်းတို့ကိုလည်း ထည့်သွင်း တင်ပြ ထားသည်။

အထက်ပါအချက်များအပြင် ကျေးရွာ ဖွံ့ဖြိုးရေးနှင့်ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သူများကို အကြိမ်ကြိမ်တိုင်ကြား နှောင့်ယှက်ခဲ့သူအား မီးကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မိမိတို့ကျေးရွာ လျှပ် စစ်မီးရရှိအောင်ကူညီဆောင်ရွက်ပေးသူ ဦးကျော်သင်းအား မမှန်မကန် လိမ်လည် အမှုဖွင့်တိုင်ကြားသဖြင့် (၅၀၅ - ခ)ဖြင့် ယနေ့အချိန်ထိ ဖမ်းဆီးခံနေရခြင်းကို ကျေးရွာ ပြည်သူများက လက်မခံခြင်း စသည့်အချက်များကို ဖြေရှင်းပေးရန် တင်ပြထားခြင်းဖြစ်သည်။

ဆန်္ဒပြရာတွင်လည်း အဆိုပါအချက် များသာ ကြွေးကြော်သံအဖြစ်အသုံးပြုသွား မည်ဖြစ်ပြီး ဆိုင်းဘုတ်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးမှဖယ်ရှားပေး။ ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဖယ်ရှားပေးရန်နှင့် အရေးယူစစ်ဆေးပေးရန်၊ မီးလင်းရေး ကော်မတီဥက္ကဋ္ဌအား စစ်ဆေးအရေးယူပေး ရန်စသည့်စာသားများ ရေးသားပြီး ဆန်္ဒ ဖော်ထုတ်သွားမည်ဟုသိရသည်။

ကျေးရွာတွင် ဖြစ်ပျက်နေမှုများကို အမှန်တရားပေါ်ပေါက်စေရန် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စေချင် ကြောင်း ဒေသခံများက တောင်းတမျှော်လင့်နေကြသည်။

No comments: