Saturday, March 29, 2014

သစ်စက်အလုပ်သမားများနှင့် ရပ်ကွက်သားများ ခိုက်ရန်ဖြစ်ပွားရာ တစ်ဦး ပွဲချင်းပြီးသေဆုံး

ဇော်ဇော်ထွေး

တောင်ဒဂုံတွင် သစ်စက်အလုပ်သမားများနှင့် ရပ်ကွက်သားတချို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး လူတစ်ဦး ပွဲချင်း ပြီးသေဆုံးခဲ့သဖြင့် အမှုဖွင့်တိုင်တန်းထာသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါအမှုကို (၂၁)ရပ်ကွက်ရှိ မေတ္တာလမ်းနေ ကိုပြည့်စုံနိုင်က အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ပြီး ၂၁ ရပ်ကွက်တွင် မတ်လ ၂၄ ရက်၊ ည ၉ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တရားလိုသည် လှော်ကားလမ်းထိပ်၌ ညီဝမ်းကွဲတော်စပ်သူ ငါးဦးမှာ “မိဘ ဂုဏ်””သစ်စက်ရှေ့တွင် ရပ်ပြီး ဖုန်းပြောနေစဉ် သစ်ဆိုင်သို့ သစ်တင်လာသည့် ကား နှင့်မလွတ်၍ သစ်ဆိုင်အလုပ်သမားများက ဖယ်ခိုင်းရာမှ သစ်စက်လုပ်သား ခြောက်ဦးနှင့်စကားများ ရန်ဖြစ်ခဲ့ကြသည်ဟု ရဲထံ ထွက်ဆိုထားသည်။

ထို့ကြောင့် သွားရောက်ကြည့်ရှုစဉ် ညီဝမ်းကွဲ တော်စပ်သူ ငါးဦးတို့မှာ သစ်စက်အလုပ်သမားများနှင့် ရန် ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ၀င်ရောက်ဖြန်ဖြေခဲ့သည်ဟု တရားလိုက ဆိုထားသည်။

သို့သော် ၎င်းတို့အား သစ်စက်အလုပ်သမားများက သစ်သားတုတ်များ၊ ဓားများဖြင့် ၀ိုင်းဝန်း ထိုးခုတ်ကြ သဖြင့် ညီဝမ်းကွဲအဖွဲ့နှင့် ပါဝင်ခဲ့သည့် (၅၅)ရပ်ကွက်နေ နိုင်မင်းထွန်း(၂၈)နှစ်မှာ ယာနားထင် ပြတ်ရှဒဏ် ရာ၊ ၀မ်းဗိုက်မှ အူထွက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်ဟု ရဲထံတွင် တိုင်တန်း ထားသည်။

ထို့ပြင် ညီဝမ်းကွဲများပါ ခြောက်ဦးမှာလည်း ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံ ကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ) များ အဖြစ် အသီးသီး တင်ပို့ကုသခဲ့ရသည်ဟု ဆိုသည်။ ထို့ကြောင့်သစ် စက်လုပ်သား ခြောက်ဦးကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းလိုက်သဖြင့် တောင်ဒဂုံ ရဲစခန်းက (ပ)၂၆၉/ ၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး ရန်ပွဲတွင် ပါဝင်ခဲ့သူဟု သံသယရှိထားသူ လေးဦးကို ဖမ်းဆီး စစ်ဆေးနေပြီး ကျန်လူများကိုလည်း စုံစမ်းရှာဖွေလျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက ပြစ်မှုပုဒ်မ ၃၀၂/၃၂၄/၃၂၅/၁၁၄ တို့ဖြင့် တရားစွဲဆိုသွားမည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

No comments: