Sunday, March 30, 2014

KNU ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အဝေးမှ NCCT သို့ အကြံပြု တင်ပြ

ရွှေဟင်္သာ

(၄) ရက်ကြာ ကျင်းပသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အ ဝေးမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် အကြံပြု တင်ပြချက် များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) သို့ တင်ပြခဲ့ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ပဒိုမန်းမန်းက ဆိုပါသည်။

“ ဒီလိုပါ။ ဒီအရေးပေါ် အစည်း အဝေး ကနေ အစိုးရရဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူနဲ့ ကျနော်တို့ရဲ့ လောခီးလာ စာချုပ် မူကြမ်း နှစ်ခု ထဲက ပြန်လည်သုံးသပ်ပြီးတော့ တခုထဲဖြစ်ဖို့ (Single Test ) စာချုပ် ဖြစ်အောင် ဘယ်အချက် တွေ ပေါင်း စည်းပြီး ဘယ်အခန်း ကဏ္ဍ မှာ ထည့်ထားတယ် ဆိုတဲ့ အကြံပြု ချက် မူကြမ်းပါ။ ဒါကို NCCT ထံတင်ပြတာ ဖြစ်ပါတယ်။” ဟုဆို ပါသည်။

KNU ၏ တင်ပြချက် အပေါ် NCCT နှင့် အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက လက်ခံမည်ဆို ပါက လာမည့် ဧပြီလ ဆန်းပိုင်း၌ ကျင်းပရန် ရှိသည့် NCCT နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ (UPWC) တို့၏ စာချုပ် မူကြမ်း ညှိနှိုင်းပွဲ တွင် တင်ပြမည် ဖြစ်သည်ဟု ဆိုပါသည်။

အထူးသဖြင့် KNU အရေးပေါ် အစည်း အဝေးသည်၊ လောခီးလာ သဘောထား စာချုပ်မူကြမ်း အပါဝင် အစိုးရဖက်မှ တင်ပြထားသော စာချုပ် မူကြမ်း နှင့် ပြီး ခဲ့ သည့် မတ်လ (၁၀) ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များ နှင့် သဘောတူ ထားသည့် စာချုပ် တွင် ပါဝင်ရမည့် အခန်းကဏ္ဍ များကို ပြန်လည် သုံးသပ်ခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ ပြန်လည် သုံးသပ်ပြီး နောက် စာချုပ် အနှစ်သာရ နှစ်ခုကို စာချုပ်တခု ဖြစ်လာရန် မည်သည့် အချက်သည် မည်သည့် အခန်းတွင် ထည့်သွင်းရမည် ဆိုသည့် အမြင်သဘော ထား ကို KNU အရေးပေါ်က မွမ်းမံ ပြင်ဆင်ခြင်း သာ ဖြစ်ပါ သည်။ ထိုသို့ ပြင်ဆင် ရရှိလာသည့် ပြင်ဆင် ထားချက် များကို အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့များ သုံးသပ်နိုင်ရန် NCCT သို့ ထပ်မံ တင်ပြခြင်း ဖြစ်ပါသည်။

KNU ၏ အရေးပေါ် ဗဟိုအမြဲတမ်း ကော်မီတီ အစည်းအဝေးသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာစာ ချုပ် အပေါ် အထူးသုံး သပ်ခဲ့ပြီး သန်းခေါင် စရင်း ကောက်ယူရေး ကိစ္စနှင့် အဖွဲ့ဝင်များ ၏ ခရီးသွား လာရေး ပွင့်လင်းမှု ရှိ လာစေရန် လိုအပ်ချက် များကို ဆွေးနွေး ကြရင်း အ၀ည်းအဝေး ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့ ပါသည်။

၁။ ကေအဲန်ယူ-ကရင် အမျိုးသား အစည်း အရုံး၏ ဗဟို အမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အဝေးကို ဗဟိုကော် မတီဝင် (၄၅)ဦး တက် ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ဘားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေ လော်ခီးလာ စခန်းတွင် ကျင်းပ ခဲ့ပါသည်။

၂။ ဤ အရေးပေါ် အစည်း အဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်း ကွန် ဖရင့်မှ ရေးဆွဲ ချမှတ်ခဲ့ သော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ လော်ခီးလာ စာချုပ်နှင့် အစိုးရမှ ပြင်ဆင် ထား သောတ နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ်ကို လေ့လာ သုံးသပ်ပြီး မူကြမ်းတခု တည်းဖြစ်အောင် ပြင်ဆင် ဖြည့် စွက် ရေးသားခဲ့သည်။ ထို့အပြင် ကေအဲန်ယူ ကရင်အမျိုးသား အစည်း အရုံး၏ နိုင်ငံရေး ဦးတည်ချက် နှင့်လက်ရှိ မြန် မာ့ နိုင် ငံရေး ဖြစ်ပေါ် တိုးတက်မှု အပေါ်ကိုလည်း သုံးသပ် ခဲ့ပါသည်။

၃။ ကေအဲန်ယူ ကရင် အမျိုး သားအစည်း အရုံးသည် နိုင်ငံရေး ပြဿနာ ကြောင့် ဖြစ်ပေါ် လာသော ပြည်တွင်း ပဋိ ပက္ခ ကို စစ်ရေး နည်းဖြင့် မဖြေရှင်း ဘဲ တွေ့ ဆုံ ဆွေးနွေးရေး နည်းလမ်းကို စွဲကိုင်၍ အစဉ်တစိုက် ကြိုးပမ်း ဆောင် ရွက်နေပါသည်။

၎။ ကေအဲန်ယူ-ကရင် အမျိုးသား အစည်း အရုံးမှ အစိုးရ နှင့် ရရှိထား ခဲ့သော ပဏာမ အပစ်အခတ် ရပ်စဲရေး ကိုခိုင် မာ စေပြီး တနိုင်ငံလုံး အပစ်အခတ် ရပ် စဲ နိုင်ရေး နှင့် နိုင်ငံရေး ဆွေးနွေးမှု စတင်နိုင် ရေးကို အခြားတိုင်း ရင်းသား အ ဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစား ဆောင်ရွက်သွားမည်။

၅။ ပြည် ထောင်စု သဘောတူ စာချုပ်ချုပ် ဆိုနိုင်ရန် ပင်လုံ စိတ်ဓါတ်ကို အခြေခံ သော ပြည်ထောင်စု ညီလာခံ တရပ် ကျင်းပနိုင် ရေးကို တိုင်းရင်း သား လက် နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်း၊ ဒီမိုကရေစီ နိုင်ငံရေး ပါတီ/ အင်အား စုများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများတို့ နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်။ ထို့အပြင် အ ရပ်ဘက် အဖွဲ့အစည်းနှင့် အမျိုး သမီးတို့၏ အခန်း ကဏ္ဍ ပါဝင်ရေး ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်သည်။

၆။ ကေ အဲန်ယူ ကရင် အမျိုးသား အစည်းအရုံး သည် တိုင်းရင်း သားတန်း တူရေးနှင့် ကိုယ်ပိုင် ပြဌာန်း ခွင့်ရှိ သည့် ဒီမိုက ရေစီဖက် ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး ကို တစိုက်မတ် မတ်ဦးတည် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာအပ် ပါသည်။

ဤကဲ့သို့ ထုတ်ပြန်ခဲ့သလို ယခုကျင်းပ ခဲ့သော KNU ၏ အရေးပေါ် အစည်း အဝေးသည် လည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ပြီးဆုံး သွားခဲ့ သော (၁၅)ကြိမ် မြောက် ညီလာခံ ကျင်းပပြီး နောက်ပိုင်း ပ ထမအကြိမ် ကျင်းပ ခဲ့သော အရေးပေါ် အ စည်း အဝေး ပင်ဖြစ်ပါသည်။

KNU သည် နိုင်ငံရေး ပြသနာကို နိုင်ငံရေး အရ ဖြေရှင်းမှု ရရန် နှင့် ကြေညာချက် ပါ ရည်မှန်းချက် များ ရရှိရန် (၁၉၄၈) ခုနှစ် သြဂုတ်လ ကတည်းက လက် နက် ကိုင် တော်လှန်ခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။

No comments: