Sunday, March 30, 2014

အရက်မူးနေသူတစ်ဦး ခြောက်လွှာတိုက်ပေါ်မှ ခုန်ချသေဆုံး

ဇော်ဇော်ထွေး

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မတ်လ ၂၅ ရက် ညနေက တိုက်ခြောက်လွှာမှ အမျိုးသားတစ်ဦး ခုန်ချသဖြင့် သေဆုံးသွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်က၊ ကန်အနောက်ရပ်ကွက်၊ ၈၈ လမ်းနှင့် ၈၉ လမ်း နောက်ဖေးကြားတွင် လူတစ်ဦးတိုက်ပေါ်မှာ ပြုတ်ကျသေဆုံးကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သေဆုံးသူမှာ ၈၈ လမ်း ခြောက်လွှာရှိ အခန်းအမှတ် ၁၆- A တွင် နေထိုင်သည့် ဦးလှဝင်း (၄၈)နှစ် ဖြစ်သည်ဟု အတည်ပြုခဲ့သည်။

၎င်းသည် အရက်မူးလွန်ပြီး နေအိမ်နောက်ဖေးပေါက်မှ ခုန်ချ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးစစ်ဆေးချက်အရ သိရှိထားသည်။

ထို့ကြောင့် အလောင်းကို ဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးလျက်ရှိပြီး အဆိုပါ ခုန်ချသေဆုံးမှုတွင် သွေရိုးသားရိုး ဟုတ်မဟုတ် သိရှိနိုင်ရန် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၀/၂၀၁၄ )ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ် ဆေးလျက်ရှိသည်။

No comments: