Sunday, March 30, 2014

အမျိုးသမီးကဏ္ဍအတွက် ၂၀၁၄ အာဆီယံပြည်သူ့ဖိုရမ်က သဘောထားထုတ်ပြန်

မဇ္ဈိမ

ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ၌ မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ မြန်မာ နိုင်ငံတွင် ပထမဆုံး ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံပြည်သူဖိုရမ် ၂၀၁၄ တွင် ပြုပြင်ပြောင်းလဲရေးလုပ်နေ ပါသည်ဆိုသည့်ကြားက မြန်မာအမျိုးသမီးအများအပြားသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအန္တရာယ် များကို ရင်ဆိုင်နေကြရပြီး အထူးသဖြင့် ပဋိပက္ခဒေသများတွင် ပိုမိုအန္တရာယ်ရှိနေသည့်အတွက် အမျိုးသ မီးကဏ္ဍနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် အမျိုးသမီးများအခန်းကဏ္ဍအတွက် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့နှင့် ပတ်သက်၍ ထည့်သွင်းထားသည်။

ငြိမ်းချမ်းရေးကဏ္ဍ သဘောထားထုတ်ပြန်ကြေညာချက်တွင် အမျိုးသမီးများနှင့်ပတ်သက်သည့် ကုလသ မဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ တွင် ဖော်ပြထားသည့် မူဝါဒများ၊ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းအားလုံးကို ရပ်တန့်ရန် သဘောတူညီချက်၊ အကြံပြုချက် အမှတ် ၃၀ တို့နှင့်အညီ အမျိုး သမီးရေးရာကိစ္စ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး စသည်တို့နှင့်ပတ်သက်ပြီး အမျိုးသားအဆင့် စီမံချက်တစ်ခု ရေးဆွဲသင့်ကြောင်း၊ ကျောင်းတွင်းပညာရေးနှင့် ကျောင်းပြင်ပပညာရေးအစီအစဉ်များတွင် အတန်းတိုင်း၊ အဆင့်တိုင်းအတွက် ကျား/ မ တန်းတူရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စတို့ကို ပညာပေးသည့် သင်ခန်းစာ များ ထည့်သွင်းရေးဆွဲရန်နှင့် လူငယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး စိတ်ကူးစိတ် သန်းကောင်းများ၊ လှုပ်ရှားမှုများကို အားပေးထောက်ခံသင့်ကြောင်း ဖော်ပြထားသည်။

လူ့အခွင့်အရေးနှင့် တရားမျှတမှုကဏ္ဍတွင် ထုတ်ပြန်ချက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကိုင်တွယ်ရာ၌ တိုးတက်မှုကို စောင့်ကြည့်တိုင်းထွာနိုင်ရန်အတွက် အမျိုးသမီးများအကြား မတူကွဲပြားမှု အမျိုးမျိုးကို အသိအမှတ်ပြုလက်ခံသည့် စံချိန်စံညွှန်းများ ချမှတ်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုကို စောင့်ကြည့်နိုင်ရန်အတွက်သော် လည်းကောင်း၊ ပဋိပက္ခများကို ဖြေရှင်းပြီး ငြိမ်းချမ်းမှုတည်ဆောက်ရာတွင် အမျိုးသမီးများ ပါဝင်လာရေး၌လည်းကောင်း အာဆီယံအစိုးရများအနေဖြင့် ရည်ညွှန်းကိန်းပေါ်အခြေခံသည့် နည်းစနစ်များကို အသုံးပြု ကာ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့သင့်ကြောင်း၊ လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် မျိုး ဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ အမျိုးသမီးများနှင့် လူငယ်များအပြင် အခြားသော အားနည်းသည့်အုပ်စုများ၊ ခွဲခြားဆက်ဆံခံနေရသည့်အုပ်စုများ၏ အခွင့်အရေး ခံစားနိုင်မှုအနေအထား တိုး တက်လာစေရန် ရေရှည်ခံမည့် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ရန် နိုင်ငံရေးအရ ပြင်းပြသော ဆန္ဒရှိကြောင်း ကို ဖော်ထုတ်ပြသသင့်ကြောင်း၊ အဘက်ဘက်မှ ပြည့်စုံသည့် လိင်ပိုင်းဆိုင်ရာ ပညာပေးအစီအစဉ်များနှင့် လူငယ်များ အလွယ်တကူ ချဉ်းကပ်ရယူနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပါဝင်သင့် ကြောင်း၊ လိင်နှင့်ပတ်သက်သည့် အယူအဆ သို့မဟုတ် အလေ့အထ ကွဲပြားသူများအပေါ် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရာဇ၀တ်မှုစွဲချက်များဖြင့် အရေးယူရာတွင် အထောက်အကူပြုသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအားလုံးကို ချက်ချင်းပြုပြင် ပယ်ဖျက်ပေးသင့် ကြောင်း၊ အမျိုးသားဥပဒေများ၊ ဒေသဆိုင်ရာ လူ့အခွင့်အရေး လုပ်ထုံးလုပ်နည်းများနှင့် ကုလသမဂ္ဂ လူ့ အခွင့်အရေး သဘောတူညီချက်များ၊ ယိုဂျာကာတာ စည်းမျဉ်းများကို အဆိုပါ လိင်အယူအဆနှင့် အလေ့ အထကွဲပြားသူများနှင့် ညှိနှိုင်းဆွေးနွေးကာ ဟန်ချက်ညီညီ ရှေ့ဆက်လုပ်ဆောင်သွားသင့်ကြောင်း၊ လိင်လုပ်ငန်းနှင့် အသက်မွေးသူများ၏ တန်းတူအခွင့်အရေးနှင့် နိုင်ငံစီးပွားရေးတွင် ၎င်းတို့၏ တစ်ဖက်တစ်လမ်း ပံ့ပိုးမှုကိုလည်း အာဆီယံနိုင်ငံများအတွက် အရေးပါသည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများနည်းတူ အသိအမှတ်ပြုပြီး ၎င်းတို့အား အမျိုးသားအလုပ်သမားဥပဒေအောက်တွင် တန်းတူ ခွဲခြားဆက်ဆံမှုမှန်သမျှမှ အကာအကွယ် ပေးသင့်သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

No comments: