Friday, March 28, 2014

အမျိုးသမီးများ နှင့် ကလေးသူငယ်များ အကာအကွယ်ပေးရေးသဘောတူစာချူပ် CNF မှ လက်မှတ်ရေးထိုး

Khonumthung

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမျိုးစုံ နှင့် စစ်မက်ဖြစ်ပွားဇုံအတွင်း ကလေးသူငယ်များ အကာအကွယ်ပေးရေး Geneva Call သဘောတူစာချူပ် အချက် ၂ ချက်ကို ချင်းအမျိုးသားတပ်ဦး CNF က ဆွီဇာလန်နိုင်ငံတွင် မတ်လ ၁၉ ရက်နေ့ သဘောတူလက်မှတ်ရေးထိုးလိုက်သည်။

ဆွီဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ အာလာဗားမား ခန်းမတွင် မတ်လ ၁၉ ရက်နေ့က ချင်းအမျိုးသားတပ်ဦး တွဲဖက်အထွေ ထွေအတွင်းရေးမှူး (၁) ပူးပေါလ်ဆီထာ နှင့် ချင်းအမျိုးသား တပ်မတော် စစ်ဦးစီးချူပ်ဗိုလ်မှူးချူပ်ဟရန်သင်ထိုက်တို့ က ယင်း Geneva Call သဘောတူစာချူပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

လက်မှတ်ရေးထိုးပြီးသည့် ယင်းသဘောတူစာချူပ်များနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦးဝင်များ၊ တပ်မတော်အရာ ရှိ၊ အရာခံ၊ အကြပ်တပ်သားများအားလုံးထံ ရှင်းလင်းမှုအာ ပူးပေါလ်ဆီထာ နှင့် ဗိုလ်မှူးချူပ် ဟရန်သင်ထိုက်တို့က ပြု လုပ်ကြမည်ဖြစ်သည်။

ယင်းသဘောတူညီချက်အရ CNF နှင့် ၎င်း၏ လက်နက်ကိုင်တပ်မတော် CNA တို့ သည် စစ်မက်ဖြစ်ပွားဇုံအတွင်းရှိ ကလေးများအား အကာအကွယ် ပေးရေး နှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုမှ တားမြစ်ရေး တို့အတွက် အပြည်ပြည်ဆိုင်ရာ စံနမူနာသတ်မှတ်ချက်အမြင့်ဆုံးအတိုင်း လိုက်နာ လုပ်ဆောင် ရမည်ဖြစ်သည်။

အထူးသဖြင့် CNF/CNA သည် ၁၈ နှစ်အောက်ကလေးငယ်များအား စစ်သားအဖြစ်စုဆောင်းခြင်း သို့မဟုတ် စစ်ပွဲတွင် အသုံးပြုခြင်းအတွက် ခွင့်မပြုရန်နှင့် ပဋိပက္ခ အကျိုးဆက် များမှ ကာကွယ်ရန် အင်တိုက်အားတိုက်လုပ်ဆောင်ရမည် ဖြစ်သည်။

ထို့အပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ပြင်းထန်စွာ ပိတ်ပင်ရန် နှင့် ငြိမ်းချမ်းရေးလမ်းကြောင်းတွင် အမျီူးသမီး များပါဝင်ရန်လည်း CNF က ထပ်မံအ တည်ပြုထားသည်ဟု Geneva Call ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ ဒီသဘောတူစာချူပ် အချက် ၂ ချက်ကို ကျွန်တော်တို့သဘောတူလက်မှတ်ရေးထိုးရခြင်းဟာ ပဋိပက္ခမှာ မပါဝင်တဲ့ သူတွေ၊ ထိခိုက်မှု အန္တရာယ်ကနေ လျော့နည်း လာစေဖို့အတွက် ကျွန်တော်တို့ ဦးစားပေးရှာဖွေလုပ်ဆောင်ပေးတယ် ဆိုတာ ရှင်းလင်းစွာ ဖော်ပြနေပါတယ်၊ AP မိုင်းများအတွက် ဒီကိရိယာသစ်နှစ်မျိုးဟာ လိုက်လျော် ညီထွေနေစေဖို့ အတွက် ထိရောက်စွာသွားမှာဖြစ်တယ်’’ ဟု CNF တွဲဘက်အထွေထွေအတွင်းရေးမှူးချူပ်-၁ ပေါလ်ဆီထာကပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ကလည်း လူသတ်လက်နက်မိုင်းများ တားမြစ်သည့် သဘောတူစာချူပ်ကို လက်မှတ်ရေး ထိုးထား ပြီးဖြစ် သည်။ CNF/CNA သည် Geneva Call ၏ မျက်မှောက်သဘောတူ စာချူပ် ၃ ချက်စလုံးကို မြန်မာနိုင်ငံတွင် ပထမဦးစွာ လက်မှတ်ရေးထိုးခဲ့သော လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သည်။

No comments: