Monday, March 31, 2014

မီဇီုရမ်တွင် ချင်းအမျိုးသမီးတဦးထံ ဘိန်းဖြူဖမ်းဆီးမိ


ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံသား ချင်းအမျိုးသမီးတဦးထံမှ ဘိန်းဖြူ ၄၆ ဂရမ်ကို ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။

မီဇိုရမ်ပြည်နယ် Excise & Narcotics မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံမှ သယ် ဆောင်လာသော အဆိုပါဘိန်းဖြူများကို အိုင်ဇောလ်မြို့တွင်းတနေရာတွင် လက်လီရောင်းချမှုပြုလုပ်နေ သည့်အချိန်၌ ပိုင်ရှင်ဟု ယူဆရသော အမျိုးသမီး နှင့် အတူ ဖမ်းဆီး ရမိခဲ့ကြခြင်းဖြစ်သည်။

အဖမ်းခံရသည့်အမျိုးသမီးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ခမ်းပတ်မြို့ အမှတ်(၂) စီရပ်ကွက်တွင် နေထိုင်သူ မ Singneihpari (၃၅) ဖြစ်သည်ဟု သိရပြီး သူမကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် အမှုတိုင်ချက်ဖွင့်ထားပြီး နောက် အိုင်ဇောလ်မြို့ ဗဟို အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြသည်ဟု မီဇိုရမ်အာဏာပိုင်များကပြောဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်တွင်တည်ရှိသော မီဇိုရမ်ပြည်နယ်သည် တရားမ၀င် မူးယစ်မှောင်ခိုများ၏ မှောင်ခိုလမ်းကြောင်းအဖြစ် အဓိကအသုံးပြုသည့် ပြည်နယ်ဖြစ်ပြီး ဒေသတွင်းအာဏာပိုင်များက စိတ်ကြွဆေးပြား၊ ဘိန်းဖြူ၊ လက်နက် စသည်တို့ကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိသည်။

No comments: