Saturday, March 29, 2014

ကျောက်စိမ်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံရရှိ

ဘလွန်းဘတ်

မြန်မာနိုင်ငံ၏ ကျောက်စိမ်းတင်ပို့မှုမှ ရရှိသောငွေကြေးသည် ၂၀၁၃ ခုနှစ် နောက်ဆုံး တတိယသုံးလပတ် ကာလအတွင်း အမေရိကန်ဒေါ်လာသန်း ၉၂၀ရရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု ၀န်ကြီးဌာနမှ ထုန်ပြန်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဟားဗတ်အက်ရှ်စင်တာ ( Harvart Ash Centre) ၏ လေ့လာမှုအရ မြန်မာနိုင်ငံ၏ နှစ်စဉ် ကျောက်စိမ်းကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ရှစ်ဘီလီယံရှိသည်ဟု ခန့်မှန်းထားကြောင်း ဘလွန်းဘတ် သတင်းဌာနက မတ်လ ၂၅ ရက်တွင် ရေးသားဖော်ပြသည်။

သို့သော်လည်း ကျောက်စိမ်းများမှာ မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့တရားမ၀င် မှောင်ခိုတင်ပို့မှု ရှိခြင်းနေ ခြင်းကြောင့် အစိုးရကထုတ်ပြန်သည့် ငွေကြေးပမာဏသည် အမှန်တကယ်ရောင်းဝယ်သည့် ကျောက်စီမ်း တန်ဖိုးစုစုပေါင်းထက် အလွန်ကျွံ လျော့နည်းနေသည်ဟုလည်း အထက်ပါသတင်းတွင် ဖော်ပြသည်။

အမေရိကန် သမ္မတအိုဘားမားသည် စစ်တပ်အုပ်ချုပ်မှုခေတ်အတွင်း မြန်မာနိုင်ငံအပေါ် ပြဋ္ဌာန်းထားသော ကုန်သွယ်ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှု အများစုကိုဖြေလျှော့ပေးခဲ့သော်လည်း လူ့အခွင့်အရေးဆိုင်ရာ ညဉ်းပန်းနှိပ်စက်မှုများကြောင့် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကျောက်စိမ်းတင်သွင်းမှုအပေါ် တားမြစ် ပိတ်ပင်ထားဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တန်ကြေးရှိသော ကျောက်စိမ်းများကို ကချင်ပြည်နယ် မြောက်ပိုင်းမှ ရရှိသည်။ ကချင်ပြည်နယ် မြောက်ပိုင်းသည် တပ်ဖွဲ့ဝင် ၈,၀၀၀ အင်အားရှိသော ကချင်လွတ်မြောက်ရေး တပ်မတော် တိုက်ပွဲဝင်နေသော နေရာတစ်ခု ဖြစ်သည်။ မိုင်းတွင်းများ ပိုင်ဆိုင်မှုသည် ရှင်းလင်းမှုမရှိခြင်းနှင့် မိုင်းတွင်း များကို တာဝန်ယူကြည့်ရှုနိုင်သည့် အခြေအနေ မရှိခြင်းတို့ကြောင့် ယင်းဒေသရှိ မိုင်းတွင်းများကို နိုင်ငံ တကာအဖွဲ့အစည်းများက ၀င်ရောက်လုပ်ကိုင်နိုင်မှု မရှိသေးပေ။ အိမ်နီးချင်းတရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မှ ကျောက်စိမ်းများကို အများဆုံးဝယ်ယူသည့် နိုင်ငံတစ်ခု ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် ၂၀၀၀ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် အခြားသော ကျောက်မျက်ရတနာများ တင်သွင်းခြင်းကို ပိတ်ပင်တားမြစ်ခဲ့သည်။ ထိုချိန်မှစ၍ မြန်မာ့ကျောက်စိမ်းများ တရားမ၀င် နယ်စပ်ဖြတ်ကျော် ရောင်းဝယ် သည့်လုပ်ငန်းများလည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါသတင်းက ဆိုသည်။

No comments: