ဇော်ဇော်ထွေး
ခုနစ်နှစ်အရွယ် သမီးငယ်ကို အသက် ၂၅ နှစ်ရှိ လူတစ်ဦးက ၀ိုင်ယာကြိုးဖြင့် ရိုက်ပြီး မဖွယ်မရာ ပြုလုပ်သည်ဟုဆိုကာ အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို မြောက်ဒဂုံ ရဲစခန်းက ဧပြီ ၈ ရက်တွင် ကာယိနြေ္ဒ ပျက်စီးကာ နာကျင်စေမှုဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။
အမှုမှာ ဧပြီ ၇ ရက် ည ၉ နာရီအချိန် ၀န်းကျင်က အသက် (၃၇)နှစ်ရှိ ကာယကံရှင် ကလေးငယ်၏ မိခင်သည် ခင်ပွန်းဖြစ်သူ နေမကောင်းသဖြင့် လမ်းထိပ်တွင်ဆေးသွားဝယ်ခဲ့သည်ဟု ဆိုထားသည်။ထို့နောက် ပြန်လာစဉ် နေအိမ်နားအရောက်တွင် လမ်းပေါ်တွင် ကစားနေသည့် ကလေးတစ်ဦးက တရားလို၏ ခုနစ် နှစ်အရွယ် သမီးဖြစ်သူကို တစ်ရပ်ကွက်တည်းနေ မင်းမင်း (၂၅)နှစ်က ရိုက်နှက်ခဲ့သည်ကို ပြောပြခဲ့သည် ဟု ရဲတိုင်ရာတွင် ထည့်သွင်း ပြောထားသည်။
နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး သမီးဖြစ်သူအား မေးမြန်းရာတွင်လည်း မင်းမင်း ဆိုသူက နေအိမ်သို့ ရောက်ရှိလာပြီး အိမ်ဘေးရှိ မြေကွက်လပ်သို့ လိုက်ခဲ့ရန်ခေါ်ဆောင်ပြီး ၀ိုင်ယာကြိုးဖြင့် ရိုက်ခြင်း၊ နှုတ်ခမ်း အားစုပ်ခြင်း၊ တင်ပါးတို့ကို ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့သည်ကို သိရှိရသည်ဟုလည်း ဆိုထားသည်။
ထို့ကြောင့် သမီးဖြစ်သူကို ကာယိနြေ္ဒ ဖျက်ဆီးသူအဖြစ် အရေးယူပေးရန် မင်းမင်းဆိုသူကို စွပ်စွဲတိုင်တန်း ထားခြင်း ဖြစ်သည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၁၇၄/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၂၃ /၃၅၄ တို့ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူအား ပြစ်မှုကျူးလွန်ခဲ့ခြင်း ရှိ မရှိ ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment