Tuesday, April 15, 2014

ကန်တော်ကြီး မျှော်စင်ကျွန်းတွင် နာမည်ကြီး အနုပညာရှင်များ လာရောက် ဖျော်ဖြေ

Mizzima

ကန်တော်ကြီး မျှော်စင်ကျွန်းတွင် နာမည်ကြီး အနုပညာရှင်များသည်သင်္ကြန်ကာလအတွင်းတွင် နေ့စဉ်လာရောက်ဖျော်ဖြေ ကြမည်ဖြစ်သည်။ ယင်းဖျော်ဖြေမှုသည် သင်္ကြန်အကြိုနေ့မှ အတက်နေ့ထိ အနုပညာရှင်များဖျော်ဖြေကြခြင်းဖြစ်ပြီးနေ့စဉ်နံနက်ပိုင်းနှင့် ညပိုင်းအချိန်များတွင် သီချင်းငါးပုဒ်မှ ခြောက်ပုဒ်ထိ ဖျော်ဖြေကြခြင်းဖြစ်သည်။အဆိုပါဖျော်ဖြေပွဲတွင် ချစ်ကောင်း၊ လင်းလင်း၊ ဘိုဘို(အောက်ဆိုဒ်ဒါ)၊ဆိုတေး ၊ဇွဲပြည့်၊ အလင်းရောင်၊ ဖြူဖြူကျော်သိန်း၊ ၀ိုင်းစုခိုင်သိန်း၊ အိုင်ရင်းဇင်မာမြင့်နှင့်လိမ္မော်သီးတို့ လာရောက် ဖျော်ဖြေ ကြခြင်းဖြစ်သည်။







No comments: