Mizzima
ကန်တော်ကြီးမျှော်စင်ကျွန်းတွင် သင်္ကြန်ကာလအတွင်း၌ အပန်းဖြေကြမည့်သူများကို ၀င်ကြေးအဖြစ် သတ်မှတ်ခြင်းသည် ယခင်ကာလထက် ပိုမို ကောက်ခံလျက်ရှိသော်လည်း လာရောက်ကြသူများ ပိုမိုများပြားလျက်ရှိသည်။
အဆိုပါ အပန်းဖြေနေရာအတွင်းသို့ သင်္ကြန်အကျနေ့တွင် ၀င်ကြေးများသည်လူကြီး ၅၀၀ကျပ်၊ ကလေး ၃၀၀ကျပ်နှင့် ကားဝင်ကြေးသည် ကျပ် ၁၀၀၀ ဖြစ်သည်။ ယခင်ကာလအတွင်း၌ ပုံမှန်ကောက်ခံမှုသည် လူကြီးကျပ် ၃၀၀၊ကလေးကျပ် ၂၀၀နှင့် ကားဝင်ကြေးသည် ကျပ် ၅၀၀ အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
ဝင်ကြေးများကောက်ခံမှုသည် မျှော်စင်ကျွန်းအတွင်းရှိ ပုံမှန်ရှိုးပွဲများဖျော် ဖြေသည့်နေရာ၌ နာမည်ကြီး အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ထိုင်းနိုင်ငံမှ လာရောက်ဖျော်ဖြေကြသည့် ထိုင်းအကအဖွဲ့ များ၊ Foam Party နှင့် ပရိသတ်များ၏ စိတ်ဘ၀င်ကို ပိုမိုလှုပ်ရှားတက်ကြွစေသည့် အနောက်နိုင်ငံများက ဒီဂျေများ၏ တေးသံသားများကြောင့် ပရိသတ်များ လာရောက်ကြခြင်း ဖြစ်သည်။

No comments:
Post a Comment