Monday, April 14, 2014

ကန်တော်ကြီး အပန်းဖြေဥယျာဉ်တွင် ပြည်သူများ စိတ်ဝင်စားစေရန် ဖျော်ဖြေရေးနေရာများ ခွဲကာ ဆွဲဆောင်

Mizzima

ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်တွင် ပြည်သူများ စိတ်ဝင်စားစေရန်အတွက် ဖျော်ဖြေရေးနေရာများကို နေရာအပိုင်းများ ခွဲကာ ဆွဲဆောင် လျက်ရှိသည်။

ယင်း အပန်းဖြေ ဥယျာဉ်ထဲတွင် ပြည်သူများစိတ်လက်ပေါ့ပါးစွာဖြင့် သင်္ကြန်ကာလအတွင်းတွင် ဖျော်ဖြေမှုပုံစံ သုံးမျိုးခွဲကာ ဖျော်ဖြေကြခြင်းကြောင့် ပျော်ရွှင်ကြရသည်ကို တွေ့ရသည်။

အဆိုပါဖျော်ဖြေမှု ပုံစံများသည် ကန်တော်ကြီးမျှော်စင်ကျွန်းဝင်ပေါက်သို့ ၀င်မည့်လမ်းဆုံတွင် Grand Royal မှ ပြုလုပ်သည့် signature မဏ္ဍာပ်တွင် အံသြ ဖွယ်ရာ Foam Party၊ Grand Royal ရေကစားမဏ္ဍာပ်နှင့် နာမည်ကြီး အနုပညာရှင်များ လာရောက် ဖျော်ဖြေ ကြသည့် "ပျော်ပျော်ရွှင်ရွှင် သင်္ကြန်ပွဲ Grand Royal "ဖျော်ဖြေရေး မဏ္ဍာပ်တို့ တွင် လာရောက်ပျော်ရွှင်ကြသည့် ပရိသတ်များဖြင့် စည်ကားလျက် ရှိသည်။

ယင်းပျော်ရွှင်ဖွယ် မဏ္ဍာပ်များတွင် အံသြ ဖွယ်ရာ Foam Party ၌ ဆွစ်ဇလန် နိုင်ငံမှ ဒီဂျေ Mr .Fred Jungo ၊သြစတြေး လျနိုင်ငံမှ ဒီဂျေ Shane OB နှင့် မြန်မာဒီဂျေ သော်သော်တို့ ၏ မြူးကြွ ပြီးစိတ်ကို ဆွဲဆောင်နေသည့် တီးလုံးအဆန်းများက ပရိသတ်များကို ပိုမို ဆွဲဆောင်မှုများရှိနေသည့်အပြင် ကန်တော်ကြီးမျှော်စင်ကျွန်းရှိ "ပျော်ပျော်ရွှင်ရွှင် သင်္ကြန်ပွဲ Grand Royal "ဖျော်ဖြေရေး မဏ္ဍာပ်တွင် Dream Lover တီးဝိုင်းနှင့်အတူ ချစ်ကောင်း၊ လင်းလင်း၊ဆိုတေး၊ဇွဲပြည့်၊အလင်းရောင်၊ ဖြူဖြူကျော်သိန်း၊၀ိုင်းစုခိုင်သိန်းနှင့် လိမ္မော်သီး ရုပ်ရှင် ဂီတအနုပညာရှင်များသည် လာရောက် ဖျော်ဖြေကြခြင်းဖြစ်သည်။

No comments: