Mizzima
ရခိုင်ရိုးရာ ရေသဘင်ပွဲကို ရန်ုကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ၎င်းရေသဘင်ပွဲသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်လာရောက် အားပေးခဲ့သည်။
"ရခိုင်ရိုးရာသင်္ကြန်က နိုင်ငံတွင်းက လူမျိုးများသာ မဟုတ်ပဲ ပြည်ပ ကလူမျိုးတွေက လည်းစိတ်ဝင်စားလာကြတဲ့ သင်္ကြန်တစ်ခုပါပဲ"ဟု ရခိုင်သင်္ကြန်ဖြစ်မြောက်ရေး အဖွဲ့ ဒုဥက္ကဌ ဦးသန်းမောင်ကပြောသည်။
ယင်းသင်္ကြန်ပွဲတော်ကို နှစ်စဉ် ရန်ကုန်၌၂၀၀၄ခုနှစ်ကစတင်ကာသိမ်ဖြူ ကားမောင်းကွင်း တွင်(၉)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီးယခုသုဝဏ္ဏအားကစားကွင်း တွင်လည်းကျင်းပခြင်းသည် ဒုတိယအကြိမ်ရှိပြီဖြစ်သည်။
"စစခြင်းရန်ကုန်မှာကျင်းပ ဖို့ကြိုးစားခဲ့ကြတုန်းက အဆင်မပြေ မှုတွေကြုံခဲ့ရတယ်။ ရခိုင်သင်္ကြန်က ကိုယ့်နယ်မှာနှစ်စဉ်ကျင်းပခဲ့ကြတယ်။ ဒီလိုကျင်းပရာကနေ ရခိုင်ပြည်နယ်ကလူမှုရေးအသင်း အဖွဲ့ တွေ အကုန်လုံး ရန်ကုန် မှာကျင်းပရင် ကောင်းမယ်ထင်တာကြောင့် အားလုံးပူးပေါင်းဆောင် ရွက်တာပါ။ ဒီလိုကျင်းပရာကနေပြီး နောက်ပိုင်းမှာရခိုင်သင်္ကြန်ကို လူကြီးတွေက နားလည်သွားတယ်။ အခုတော့ နိုင်ငံခြားသားတွေ အကုန်လုံးတောင် စိတ်ဝင်စားလာကြပါပြီ။ရခိုင်လူမျိုးရှိနေသ၍ ရခိုင်သင်္ကြန်ဆိုတာ ရှိနေဦးမှာပါပဲ။"ဟု ဒုဥက္ကဌဦးသန်းမောင်ကပြောသည်။
၂၀၀၄ခုနှစ်တွင်ရခိုင်သင်္ကြန် ရန်ကုန်တွင်စတင်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာ ဌာန အသီးသီး တွင်ကျင်းပခွင့် တင်ပြခဲ့ရာ၌အစိုးရပိုင်း အနေဖြင့် ထင်မြင်ချက် အမျိုးမျိုးဖြင့် ရှိခဲ့ခြင်းကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်ကာ ကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်။
ရခိုင်ရိုးရာ သင်္ကြန်ကို နှစ်စဉ် ကျင်းပခဲ့ရာ တွင် ၂၀၁၃ခုနှစ် တွင်ပြုလုပ်သည့် သုဝဏ္ဏ အားကစားကွင်း ၌ မဏ္ဍာပ်(၁၂)ခု၊ဈေးဆိုင်၄၀ခန့်ရှိခဲ့ပြီးတစ်နေ့လျှင်လူဦးရေ သုံးသောင်းမှငါးသောင်း လာရောက် ပျော်ရွှင်ကြခြင်းဖြစ်သည်။၂၀၁၄ခုနှစ် မဟာသင်္ကြန်တွင် မဏ္ဍာပ်(၁၆)ခုဈေးဆိုင်၆၀ခန့် ၊လုံခြုံရေးရဲတပ်ရင်းယောက်(၁၀၀)ခန့်ထားရှိကာ ကျင်းပခြင်းဖြစ်ပြီးရခိုင်သမီးပျိုများ၏ ၀တ်စားဆင်ယင်မှုသည် ရိုးရာဝတ်စုံကို ခေတ်မီစွာ ချုပ်ပြီး ၀တ်စားဆင်ယင်ကြခြင်းဖြစ်သည်။
ဧြ့ပီ၁၃ရက်သင်္ကြန်အကြိုနေ့တွင် ကျင်းပသည့် ရခိုင်သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့သည်လာရောက်သည်ကို တွေ့ခဲ့ရပြီး ယင်းအဖွဲ့၌သရုပ်ဆောင် ဝေဋုကျော်သည် သူနာပြုဝတ်စုံ ဖြင့်ပါဝင် ကူညီလျက်ရှိသည်။






No comments:
Post a Comment