Saturday, June 14, 2014

၅၉(စ)ကို ပြင်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဆို

မြတ်မင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က ၅၉( စ)ကို ပြင်ဆင်သင့်ကြောင်း၊ NDF ပါတီ မန္တလေးတိုင်းဥက္ကဋ္ဌ ဦးလှကိုက မဇ္ဈိမကို ပြောသည်။

၅၉ (စ)မပြင်ရေးနှင့် ပတ်သက်၍အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်များ သည်ပါတီ၏ သဘေားထားမဟုတ်ဘဲ ပုဂ်္ဂိုလ်တစ်ဦးခြင်း၏သဘေားထားသာဖြစ်ကြောင်းNDF ပါတီမန္တလေး တိုင်းဥက္ကဋ္ဌဦးလှကိုက မဇ္ဈိမ ကို ပြောသည်။

“ကျွန်တော်တို့ပါတီက လွှတ်တော်ကိုတရားဝင်တင်တဲ့အထဲမှာ မကန့်ကွက်ဘဲ ၅၉(စ)ကို ပြင်ပေးဖို့ပဲ တင်ခဲ့ တာ။နောက်ကျမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ဆီကနေ ဖြစ်လာတာ။ ဒေါ်ခင်ဝိုင်း ကြည်က သူပုဂ်္ဂိုလ်ရေးအရ ပြောတာပြောခွင့်ရှိပါတယ်။ ပါတီက ကန့်ကွက်တာမဟုတ်ပါဘူး။ အယူအဆကွဲ လွဲ ခွင့်ရှိပါတယ်”ဟု ဦးလှကိုက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သဘောထားချင်း မတူတာတွေမရှိပါဘူး။ လွှတ်တော်မှာဖွဲ့စည်းပုံပြင်ဖို့အချက် တွေတောင်းဆိုကတည်းက ၅၉(စ)ကို ပြင်ဖို့ တင်ထားပြီဟု ၎င်းက ပြောသည်။

No comments: