Saturday, June 14, 2014

လယ်ယာမြေများနေရာတွင် လူနေအိမ်များ ဆောက်လုပ်မှု သက်ဆိုင်ရာမှ မျက်ကွယ်ပြုနေ

အောင်စိုး

ပုဏ္ဏားကျွန်းမြို့၊ မြို့ပြ ပြင်ခေါင်ကွင်းအမှတ် - ၆၂၇ ၊ စစ်တွေ - ရန်ကုန် ကားလမ်းဘေးရှိ လယ်ယာမြေများနေရာတွင် လူနေအိမ်များ ဆောက်လုပ်လာမှုကို သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များမှ မသိကျိုးကျွံပြုနေကြကြောင်း သိရသည်။

ဒီလယ်မြေတွေ ပျောက်ကွယ်နေတာ အဓိက အထက် အာဏာပိုင်တွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့်လို့ ပြောရမယ်။ သူတို့က လယ်မြေတွေရောင်းသူနဲ့ ၀ယ်သူတွေကြားကနေပြီး နှစ်ဖက်စလုံးကနေပြီး လာဘ်စားနေကြသူတွေပေါ့။

" အဲဒီ လယ်မြေတွေက စိုက်ပျိုးရေး ဖြစ်ထွန်းပြီး၊ စပါးအထွက်နှုန်းကောင်းလည်း ကောင်းတဲ့ မြေတွေပါ။ ဒါပေမယ့် ခုတော့ အဲဒီ လယ်မြေနေရာတွေမှာ အဆောက်အဦး၊ လူနေအိမ်တွေနဲ့ ပြည့်နေပါပြီ။ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ဘာတစ်ခုမှ လုပ်ကိုင်တာကို မတွေ့ရတော့ပါဘူး။ " ဟု မြို့နယ် ဒေသခံ ဗိုလ်မြတ်သူက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးများက မက်လောက်သော ငွေကြေးများ မတန်တဆ ဈေးပိုပေးကာ ၀ယ်ယူမှုကြောင့် လယ်မြေများနေရာတွင် လူနေအဆောက်အဦးများ ပေါ်ထွန်းလာရခြင်းဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

" စီးပွားရေးသမားတွေက ငွေပိုပေးပြီး အဲဒီ လယ်မြေနေရာတွေကို ၀ယ်လာတယ်။ ပြီးတော့ ကြက်မွေးမြူရေး၊ အုတ်သဲကျောက် လုပ်ငန်းတွေကို လုပ်ကိုင်လာကြတယ် "


ယခုကဲ့သို့ လယ်မြေများနေရာတွင် လူနေအိမ် အဆောက်အဦးများ နေရာယူလာခြင်းအပေါ် ဒေသခံများက " ဒီ လယ်မြေတွေ ပျောက်ပျောက်လာတာဟာ အဓိက မြို့နယ်အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ လုပ်ရပ်လို့ ပြောရမယ်ဗျာ။ သူတို့က လယ်မြေ ရောင်းသူတွေနဲ့ ၀ယ်သူတွေကြားကနေပြီး နှစ်ဖက်စလုံးက လာဘ်စားနေကြသူတွေပဲ " ဟု သုံးသပ်ပြောဆိုကြသည်။

အဆိုပါ မြေကွက်များမှာ ပေ ၄၀' x ၆၀' တကွက်လျှင် အနည်းဆုံး သိန်း (၂၀) ထိ ပေါက်ဈေးရှိကြောင်းလည်း သိရသည်။

No comments: