စည်သူအောင်
ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်နှင့် အကာအကွယ်ပေးရန် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ဇွန်လ ဒုတိယပတ်တွင် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ သဘောတူညီမှု စာချုပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Mr. Yun Byung-se တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ်္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူများ၊ တောင်ကိုရီးယား နိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများတက် ရောက်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်များကြောင့် တောင်ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံများ ပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု တိုးပွားလာမည်ဖြစ်ရာ အလုပ် အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဟု နှစ်ဖက်တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၄ခုနှစ် ဧပြီလကုန်စာရင်း များအရ ကန်ဒေါ်လာ ၃,၀၆၅ ဒသမ ၁၇၃ သန်းရှိ သည်။ ၂၀၀၁ခုနှစ်မတိုင်မီက တောင်ကိုရီး ယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ကန် ဒေါ်လာ ၁၅၉ ဒသမ ၁၀၈ သန်းသာရှိခဲ့ ရာမှ ၂၀၁၄ ခုနှစ် ဧပြီလအထိ ကန်ဒေါ် လာသန်း ၃,၀၀၀ နီးပါး ထပ်မံရင်းနှီးမြှုပ် နှံခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တောင်ကိုရီးယား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၃ ခုကို ခွင့်ပြုထားပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၆ ဒသမ ၅၉ ရာခိုင်နှုန်း ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု အများဆုံးစာရင်းတွင် တောင်ကိုရီးယားက အဆင့်ငါးတွင် ရပ်တည်နေသည်။
ယခုနှစ်များအတွင်း တောင်ကိုရီးယားနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများ မြန်မာနိုင်ငံသို့ ၀င်ရောက်မြှုပ်နှံမှု များပြားနေပြီး အမေရိကန်အခြေစိုက်Gap အုပ်စု၏ အ၀တ်အထည်များကို ချုပ်လုပ် တင်ပို့ခွင့်ကိုလည်း တောင်ကိုရီးယားကုမ္ပဏီ တစ်ခုက ရရှိခဲ့သည်။
No comments:
Post a Comment