Monday, June 23, 2014

ကမ္ဘာ့ဒုက္ခသည်များနေ့ကျင်းပသည့် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းသို့ ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အဂျယ်လီနာ ဂျူလီ ရောက်ရှိ

စူးမယ်

ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး အဂျယ်လီနာ ဂျူလီသည် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း အတွင်းရှိ ဒုက္ခသည်များနှင့် ရှေးရိုးရာဒူးကြီးဝတ်စုံများဝတ်ဆင်လျက်ရှိသည့် ကယားမျိုးနွယ်စုတို့၏ နေထိုင်ရာသို့ သွားရောက်တွေ့ဆုံလေ့လာခဲ့ကြောင်း သိရသည်။

ဂျူလီသည် ကရင်နီဒုက္ခသည် စခန်းသို့ ဒုတိယအကြိမ်ရောက်ရှိတာဖြစ်ပြီး ယခုခေတ်တွင် ရှားပါးလာသည့် ရှေးရိုးရာ ဒူးကြီးဝတ်ဆင်ထားသည့် ကယားမျိုးနွယ်စုများနှင့် သွားရောက်တွေ့ဆုံကာ ကယားရိုးရာ၊ ယဉ်ကျေးမှုအကြောင်း၊ ဝတ်စားဆင်ယင်ပုံနှင့် မိမိဘဝနေထိုင်ပုံအကြောင်းကို မေးမြန်းခဲ့ကြောင်း ဂျူလီနှင့် တွေ့ခဲ့သည့် အဘွားဆီက သိရသည်။

ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို ကရင်နီအမှတ် ၁ ဒုက္ခသည်တွင် ၂၀ရက်နေ့ တွင်ကျင်းပခဲ့ပြီး အခန်းအနားသို့ လေကြောင်းအခက်အခဲကြောင့် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး အဂျယ်လီနာ ဂျူလီ အချိန်မှီ မတက်ရောက်နိုင်ခဲ့ပေ။

အခမ်းအနားတွင် ဘန်ကောက်UNHCRအကြီးဆုံး၊ မယ်ဟောင်ဆောင်ခရိုင်ဝန်နှင့် တခြားသော ဧည့်သည်များစွာလာရောက်ခဲ့ ကြသည်။

ဘန်ကောက်UNHCRအကြီးဆုံး “ထိုင်းနိုင်ငံ အစိုးရနှင့်အကြီးအကဲတွေရဲ့ သဘောထားကြီးမှု သည်းခံနားလည်ခွင့်လွတ်မှုကြောင့် ကျမတို့ ဒီမှာလာနေရတာဖြစ်တယ်လို့ပြောရင်လည်း မမှားပါဘူး။” လို့ စကားပြန်မှတဆင့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ကရင်နီဒုက္ခသည် ပင်မကော်မတီဥက္ကဌ၏ မိန့်ခွန်းအရ မိမိတစ်ဦးချင်း၏ စိတ်အေးချမ်းမှု မိမိအိမ်ထောင်ငြိမ်းချမ်းသာယာမှုအတွက် တခြားသူတစ်ဦးက အပြည့်အဝ မဆောင်ရွက်ပေးနိုင်သည့်အတွက် မိမိအိမ်ထောင်ကသာ အဓိကဖြစ်ကြောင်း အသိပေးတိုက်တွန်းနိုးဆော်ထားကြောင်း ကရင်နီဒုက္ခသည် ပင်မကော်မတီ အတွင်းရေးမှုး ၂ မှဖတ်ကြားပေးသည်။

ဆက်လက်ပြီး ပင်မကော်မတီဥက္ကဌက “နိုင်ငံတကာအသိုင်းအဝန်းများဖြစ်တဲ့ နိုင်ငံတကာ အလှူရှင်များ၊ NGOsများ၊ အစိုးရများနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးတို့ကိုလည်း ဒုက္ခသည်များ အေးချမ်းမှုနှုင့် ငြိမ်းချမ်းသာယာမှု ရရှိရန်အတွက်ဆက်လက်ပြီး ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ပြောကြားသည်။

ထို့အပြင် စစ်ဖြစ်နေသောတိုင်းပြည်များတွင် အေးချမ်းမှု ငြိမ်းချမ်းမှုရရှိရန် အားကျိုးမာန်တက် တတက်တအား ဝိုင်းဝန်းတိုက်တွန်း လုပ်ဆောင်သွားကြပေးဖို့လည်း အထူးမေတ္တာရပ်ခံကြောင်း ဥက္ကဌ၏ မိန့်ခွန်းမှ ဖတ်ကြားသွားသည်။

ပင်မကော်မင်္တ ဥက္ကဌက “ နောက်ဆုံးအနေနဲ့ ယနေ့အထိဒုက္ခသည်များကို လူသားချင်းစာနာ ထောက်ထားခြင်း အားဖြင့် နေရာထိုင်ခင်းပေးသော ထိုင်းဘုရင်မြင်းမြတ်နှုင့် ထိုင်းပြည်သူပြည်သာားများ၊ ထိုင်းအစိုးရ တာဝန်ရှိအဆင့်ဆင့် ပုဂ္ဂိုလ်များကို ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အေးချမ်းပြီး ဒုက္ခသည်များအိမ်ပြန်နိုင်သည့်အထိ ခိုလုံခွင့်ပေးကြရန် မေတ္တာရပ်ခံပါတယ်။

နှစ်ပေါင်းများစွာ ဒုက္ခသည်များကို ကူညိပေးမစခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၊ NGOsများနှင့် နိုင်ငံတကာ အလူရှင်များကိုလည်း ကျေးဇူးတင်ကြောင်းနှင့် ရှေ့ဆက် ဒုက္ခသည်များ အိမ်ပြန်နိုင်တဲ့အထိ အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံရင်း နိရုံးချုပ်အပ်ပါသည်”ဟု မိန့်ခွန်းတွင် ဖတ်ကြားသွားသည်။

ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားတွင် စခန်းအတွင်းရှိ ကျောင်းသား၊ မိဘ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ NGOs၊ UNHCR၊ ထိုင်းအစိုးရ၊နှင့် စခန်းသူစခန်းသားများစွာ တက်ရောက်ခဲ့သည်။

ကရင်နီအမှတ်၁ ဒုက္ခသည်စခန်းတွင်နေသည့် ဂျူးဖဲက “အရင်တုန်းက ကျနော်ပြည်တွင်းမှာနေပါတယ် နိုင်ငံရေးအခြေအနေမကောင်းတော့ တောထဲတောင်ထဲမှာ ထွက်ပြေးပုန်းရှောင်နေရပါတယ် အဲလိုပုန်းရှောင်တာမရတော့မှ ကျနော် ဒီဖက်ကိုရောက်လာတာပါ။ ဒီကို ကျနော် ငယ်ငယ်ကတည်းက ရောက်လာတာ။ ဘဝလုံခြုံဖို့အတွက် ဒီကိုရောက်လာတာပါ။ ကျနော်ဒီကို ရောက်တာ ၁၀နှစ်တောင်ကျော်ပြီ”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

ကမ္ဘာ့ ဒုက္ခသည်နေ့ကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာအရပ်ရပ်တွင် ကျင်းပလျှက်ရှိပြီး ဒုက္ခသည်များနေ့ကို ကျင်းပရခြင်းဟာ ဒုက္ခသည်များ အတင်းအဓ္ဓမရွေ့ပြောင်းမှုဒါဏ်ကို ဒုက္ခသည်များခံနိုင်ရည်ရှိမှုကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ၂၀၀၁ခုနှစ်မှစပြီး အဖရိကတိုက်အဖွဲ့မှ ကျင်းပတဲ့ ဒုက္ခသည်နေ့နှင့် တစ်ထပ်တည်းကျရန် ဇွန်လ ၂၀ ရက်နေ့ကို စတင်အသိအမှတ်ပြု ကျင်းပခဲ့တာ ဖြစ်ကြောင်း ကရင်နီဒုက္ခသည်ပင်မကော်မတီ ဥက္ကဌ၏ မိန့်ခွန်းတွင် ဖတ်ကြားသွားသည်။

အခမ်းအနားတွင် ယခင်နေ့တွေလို မိန့်ခွန်းတွေကို ထိုင်နားထောင်နေစရာမလိုပဲ မိန့်ခွန်းနားထောင်လိုသူ နားထောင်၊ ကစားလိုသူကစား၊ ရုပ်ရှင်ကြည့်လိုသူကြည့်၊ ပြခန်းလိုက်ကြည့်လိုသူကြည့်နှင့် ပြုလုပ်ခဲ့ပါသည်။

မယ်ဟောင်ဆောင် UNHCR ဝန်ထမ်းတစ်ဦးက “ကစားတဲ့ဖက်မှာ အရင်နှစ်တွေနဲ့ တအားကွဲပြားတာမဟုတ်ပေမယ့် အစီအစဉ်ကတော့ နည်းနည်းကွဲတာပေါ့။ ဘာရည်ရွယ်ချက်နဲ့လဲဆိုရင် အဲဒီနေ့ဟာ ယောက်တိုင်းလိုလိုမှာ ပျော်ရွင်မှုတွေနဲ့ ရှိနေရမယ်။ အခမ်းအနားကို လာပြီး မိန့်ခွန်းတွေကို ထိုင်နားထောင်ခိုင်းတာတော့မဟုတ်ဘူးပေါ့။ လူကြီး လူငယ် ကလေးအားလုံးလာပြီးကစားဖို့ပါ”ဟု ပွဲအတိုင်ခင် ကန္တာရဝတီတိုင်းသို့ ပြောကြားခဲ့သည်။

No comments: