ABC
မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို သမ္မတ အဖြစ် အရွေးခံခွင့် ပေးမထားတဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ အမေရိကန် အစိုးရက မြန်မာ သမ္မတ ဘယ်သူဖြစ်သင့်သလဲဆိုတာ မြန်မာပြည်သူတွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးသင့်တယ်လို့ မြန်မာအစိုးရကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဌာနရဲ့ အဆိုအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ပြီး ၂၀၁၅ ရွေးကောက် ပွဲကျရင် မြန်မာ ပြည်သူတွေ နှစ်သက်ရာ သမ္မတကို လွတ်လွတ် လပ်လပ် ရွေးချယ်ခွင့် ပေးသင့် တယ်လို့ ပြောပါတယ်။
ပြည်သူတွေ ကြိုက်နှစ် သက်တဲ့ ခေါင်းဆောင်ကို ရွေးချယ် ခွင့်ပေးရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုကို အထောက် အကူဖြစ်စေမှာ ဖြစ်သလို တည်ငြိမ် အေးချမ်း မှုတွေ လည်း ဖြစ်စေ နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန် ချက်ထဲမှာ ပါရှိပါတယ်။
နိုင်ငံခြားသား မိသားစုဝင် ရှိသူတွေကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို မြန်မာ လွှတ်တော်က မပြင်ဖို့ ဆုံးဖြတ် လိုက်ပေမယ့်လည်း ဆက်လက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲရေးအတွက် NLD အနေနဲ့ လှုပ်ရှားသွားမယ်လို့ NLD က ဦးဝင်းထိန်က ပြောပါတယ်။
အခုလောလောဆယ် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ဖို့ တောင်းဆို လက်မှတ်ရေးထိုးသူ လူပေါင်း လေးသိန်းရှိနေပြီး ပြည်ပရောက် မြန်မာတွေကလည်း လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။

No comments:
Post a Comment