Wednesday, June 4, 2014

လွှတ်တော်ကိုယ်စားလှယ် အချိုးကျစနစ် ဆွေးနွေးဖို့ လွှတ်တော်က လက်ခံ

ABC

မနေ့ကဇွန်လ ​၃ရက်နေ့မှာကျင်းပခဲ့တဲ့ ​အမျိုးသား ​လွှတ်တော် ​အစည်းအဝေးအတွင်း ​လာမယ့် ​၂၀၁၅ ​ခုနှစ် ​ရွေးကောက်ပွဲကျရင် ​အမျိုးသား ​လွှတ်တော် ​ကိုယ်စားလှယ်တွေကို ​အချိုးကျကိုယ်စားပြုစနစ်နဲ့ ​ရွေးချယ် ​နိုင်ဖို့အတွက်တင်သွင်းခဲ့တဲ့အဆိုကို ​ဆွေးနွေးဖို့ ​လက်ခံလိုက်ပြီ ​ဖြစ်ပါတယ်။

အဲဒီ ​အဆိုကို ​ဆက်လက်ဆွေးနွေးဖို့အတွက် ​အမျိုးသား ​ဒီမိုကရေစီ ​အင်အားစု ​(NDF) ​ပါတီက ​အမျိုးသား ​လွှတ်တော် ​ကိုယ်စားလှယ် ​ဒေါ်ခင်ဝိုင်းကြည်က ​အဆိုပြုခဲ့တာဖြစ်တယ်လို့ ​သိရပါတယ်။ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဒေါ်ခင်ဝိုင်းကြည်က ​အခုလိုပြောပါတယ်။

“ကိုယ်ကဒီနေ့ ​ဒါကိုဆွေးနွေး ​ချင်တယ်ဆိုပြီး ​မှတင်လိုက်တဲ့အခါကျတော့ ​လွှတ်တော်ကဒါကို ​ကန့်ကွက်ရန်ရှိ ​သလား ​လို့ ​၃ခါမေးတော့ ​ထောက်ခံတယ်လို့ပြောတယ်၊ ​နောက်တခါ ​ကန့်ကွက်ရန်ရှိ ​သလားဆိုတော့ ​ကန့်ကွက် ​ရန်လည်း ​ရှိတယ်၊ ​ဒီနေ့ကိုယ်တင်တဲ့အဆိုကို ​ထောက်ခံတဲ့လူလည်းရှိတယ်၊ ​ကန့်ကွက်တဲ့လူလည်း ​ရှိတယ်၊ ​အဲဒီကျတော့ ​မတ်တပ်ရပ်ပြီးတော့မဲခွဲတော့ ​ကိုယ်တင်တဲ့အဆိုက ​ထောက်ခံတဲ့သူများတဲ့အတွက် ​နိုင်သွားတယ်၊ ​ဒီအဆိုကိုလွှတ်တော်ထဲမှာလက်ခံပြီးတော့ ​ဆွေးနွေးဖို့ရာအတွက် ​အတည်ပြုတယ်လို့ ​ယူဆတယ်။” 


အချိုးကျကိုယ်စားပြုစနစ်ဟာလွှတ်တော်ထဲကိုယ်စားလှယ်ဦးရေးများများရောက်ဖို့အတွက် ​ပိုသင့် ​တော်တယ်လို့ယူဆကြောင်း ​ဒေါ်ခင်ဝိုင်းကြည်က ​အခုလို ​ဆက်ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံတွေမှာ ​ရွေးကောက်ပုံစနစ်က ​ကောင်းမွန်ဖို့လိုအပ်တယ်လို့ထင်တယ်လေ၊ ​မြန်မာ ​နိုင်ငံ ​ရဲ့သွားနေတဲ့ ​ constitution ​အရပေါ့နော် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပုဒ်မ ​၇မှာတော့ ​စစ်မှန်၍ ​စည်းကမ်း ​ပြည့်ဝသော ​ပါတီစုံ ​ဒီမိုကရေစီ ​စနစ်ကိုကျင့်သုံးမည်လို့ ​အဲလိုပါတယ်လေ၊ ​လွှတ်တော်ကတော့ ​ပြည်သူ့ ​အတွက်လိုအပ် ​တာတွေကို ​တင်ပြဖို့တာဝန်ရှိတဲ့အခါကျတော့ ​နိုင်သူအကုန်ယူစနစ်ပေါ့နော် ​အချိုးကျနဲ့ ​(PR) ​နဲ့ ​ယှဉ်လိုက်မယ်ဆိုရင် ​PR ​က ​အားသာချက်တွေ ​အများကြီးရှိတယ်၊ ​PR ​က ​မဲ ​အရည်အတွက် ​weak ​မဖြစ်ဖို့ရယ်၊ ​လူတွေရဲ့ဆန္ဒတွေကို ​အဆေလးဂရုပြုပြီးတော့ ​လွတ်တော်ထဲ ​ကိုယ်စားလှယ် ​များများ ​ရောက်ဖို့ရယ်၊ ​ပါတီစုံဖို့ရယ် ​အားလုံးကို ​PR ​က ​ပိုပြီးတော့ ​ဆောင်ကြဉ်းပေး ​နိုင်တယ်လို့ ​ယုံကြည်တဲ့ ​အတွက်ကြောင့်မို့ ​၊ ​မြန်မာနိုင်ငံလူထုနဲ့ ​အခု ​လက်ရှိသွားနေတဲ့ ​စနစ်နဲ့ ​အံဝင်ဂွင်ကျ ​ဖြစ်တယ်ထင်လို့ ​PR ​ကို ​တင်တာလေ။”

မနေ့က ​လွှတ်တော်မှာ ​ဆက်လက် ​ဆွေးနွေးဖို့ ​လက်ခံလိုက်တဲ့ ​PR ​ခေါ် ​အချိုးကျ ​ကိုယ်စားပြုစနစ်နဲ့ ​လွှတ်တော် ​ကိုယ်စားလှယ်တွေကို ​ရွေးချယ်မဲ့စနစ်နဲ့ ​ပတ်သက်ပြီး ​ဆက်လက် ​ဆွေးနွေးမယ့် ​လွှတ်တော် ​ကိုယ်စားလှယ် ​တွေအနေနဲ့ ​လွှတ်တော်ရုံးကို ​သွားရောက် ​စာရင်းပေးရမှာ ​ဖြစ်တယ်လို့ ​သိရတဲ့ ​အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့တာ ​ဖြစ်ပါတယ်။

No comments: