Wednesday, June 18, 2014

ရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးချက်ကို ဒေါ်စုပယ်ချ

ABC

အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံ ​ရွေးကောက်ပွဲကော်မရှင်ရဲ့ ​သတိပေးချက်ကို ​ပယ်ချလိုက်ပြီး ​ကော်မရှင်အနေနဲ့ ​မျက်နှာလိုက်တာတွေ ​လုပ်တယ်လို့ ​ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ​ပြောဆိုတဲ့ ​မိန့်ခွန်းတချို့ဟာ ​စစ်တပ်ကို ​စိန်ခေါ်ရာ ​ရောက်ပြီး ​နိုင်ငံရေး ​သမား ​တစ်ယောက် ​လုပ်နိုင် ​တဲ့ ​ဘောင် ​ကို ​ကျော် ​လွန် ​ရာ ​ရောက် ​တယ် ​လို့ ​ရွေးကောက်ပွဲ ​ကော်မရှင် ​ပြောသွားပြီး ​တဲ့နောက်ပိုင်း ​တုန့်ပြန်လိုက်တာပဲ ​ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ​သူမအပါအဝင် ​တခြားခေါင်းဆောင်တွေကို ​ဘာပြောသင့်သလဲ၊ ​ဘာတွေမပြောသင့်ဘူးလဲ ​ဆိုတာကို ​ပြောဖို့မသင့်ကြောင်း၊ ​ရွေးကောက်ပွဲကော်မရှင်က ​ဘက်မလိုက်တဲ့ ​မဇ္စျိမ ​ပတိပတာအဖွဲ့ ​အဖြစ်သာ ​ရပ်တည်သင့်တယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေဟာ ​သူမကို ​ဦးတည်ပြီး ​ရေးထားသလို ​ဖြစ်နေတဲ့အတွက် ​ဒါက ​လက်ခံနိုင်စရာမရှိတဲ့အကြောင်း ​ပြောပါတယ်။

အခြေခံ ​ဥပဒေပါ ​ပုဒ်မ ​၅၉ ​(စ) ​အရ ​နိုင်ငံခြားသား ​မိသားစုဝင် ​ရှိသူတွေအနေနဲ့ ​မြန်မာသမ္မတအဖြစ် ​ရွေးချယ်ခွင့် ​မပြုထားတဲ့အပြင် ​အဲဒီ ​ပုဒ်မကို ​မပြင်ဖို့ ​လွှတ်တော်က ​ဆုံးဖြတ်တဲ့အတွက် ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​လာမယ့်နှစ်မှာ ​သမ္မတလောင်းအဖြစ် ​အရွေးခံခွင့်ရမှာ ​မဟုတ်တော့ပါဘူး။

သူမအနေနဲ့ ​သမ္မတ ​ဖြစ်နိုင် ​မဖြစ်နိုင်ဆိုတာကတော့ ​ပြည်သူတွေအပေါ်မှာသာ ​မူတည်ကြောင်းလည်း ​နီပေါနိုင်ငံမှာ ​ပြုလုပ်တဲ့ ​သတင်းစာရှင်းလင်းပွဲအတွင်း ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​အခုအခါမှာ ​မြန်မာနိုင်ငံကို ​ပြန်ရောက်ပြီ ​ဖြစ်ကြောင်းလဲ ​သိရပါတယ်။

No comments: