Sunday, June 8, 2014

ရွှေလင်ပန်းအိမ်ရာ အခန်း ၁,၇၀၀ ကျော် ရောင်းချပေးမည်

သီဟကိုကို

ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ အခန်းပေါင်း ၁,၇၆၈ ခန်းကို ယခုနှစ်အတွင်း ရောင်းချပေးသွားမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇိ္ဈမကို ပြောသည်။

ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာပထမအဆင့်ကို တည်ဆောက်ပြီးစီးပြီဖြစ်ခြင်းကြောင့် အခန်းပေါင်း ၇၆၈ ခန်းကို စတင်ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က “ ရွှေလင်ပန်း ပထမအဆင့် တန်ဖိုးနည်းအခန်းတွေကို ရောင်းချဖို့အတွက် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ကိုတင်ပြထားပြီးဖြစ်ပါတယ်။ စရောင်းမယ့် ရက်အတိအကျ တော့မသတ်မှတ်ရသေးပါဘူး ” ဟု ပြောသည်။

ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ ဒုတိယအဆင့်နှင့် တတိယအဆင့် စီမံကိန်းများကို စတင်တည်ဆောက် နေပြီးဖြစ်ပြီး ယခုနှစ်အတွင်း တည်ဆောက်မှုပြီးစီးမည်ဖြစ်ရာ ယင်းအိမ်ရာများက ထွက်ရှိလာမည့် အခန်း ပေါင်း ၁,၀၀၀ ကို ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးဆောင်ရွက်နေသည့် ရွှေလင်ပန်းတန် ဖိုးနည်းအိမ်ရာ ပထမအဆင့်စီမံကိန်းမှ အခန်းများအနက် RC Structure အခန်း များကို တစ်ခန်းလျှင် ပျမ်းမျှကျပ် ၁၁၆ သိန်းမှ ၁၂၅ သိန်း၊ Steel Structure တိုက်ခန်းကို တစ်ခန်းလျှင်ပျမ်းမျှကျပ် ၁၁၀ သိန်း မှ ၁၂၀ သိန်းဝန်းကျင်ဈေးနှုန်းများ လျာထားသည်ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပထမအဆင့် အိမ်ရာစီမံကိန်းကို ခြောက်ခန်းတွဲလေးထပ်ဖြင့် တိုက် ၃၂ လုံး တည်ဆောက် ထားခြင်း ဖြစ်သည်။ တည်ဆောက်နေသည့် ရွှေလင်ပန်းတန်ဖိုးနည်း ဒုတိယအဆင့်နှင့် တတိယအဆင့် စီမံကိန်း များမှ အိမ်ရာတိုက်ခန်းများကိုလည်း ပထမ အဆင့်စီမံကိန်းဈေးနှုန်းများအတိုင်း ရောင်းချပေးသွားမည်ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်းတိုက်ခန်းများရောင်းချရာ တွင် အစိုးရ၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများကို ဦးစားပေးရောင်းချသွား မည်ဖြစ်ပြီး ၀ယ်ယူသည့်ဈေးနှုန်းအလိုက် လေးလ အရစ်ကျပေးသွင်းနိုင်မည့်ပုံစံနှင့် အများ ဆုံးလေးနှစ် အ ထိ လစဉ်အရစ်ကျပေးသွင်းသည့်ပုံစံတို့ကို ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ဝယ် ယူနိုင်မည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

No comments: