ABC
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ကောက်ယူဖို့ကျန်နေတဲ့ ဒေသတွေကို ဆက်လက် ကောက်ယူတော့မှာ မဟုတ်ဘူးလို့ ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။
ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က နည်းပညာဆိုင်ရာ နှောင့်နှေးမှုတွေ ကြောင့် စာရင်းကောက်ကာလ ရှစ်ပတ် ထပ်တိုးကောက်ယူခဲ့တဲ့ ထပ်တိုးကာလကို ဇွန်လ ၁၄ ရက်နေ့ မှာပဲ နောက် ဆုံး ကောက် ယူခဲ့ပြီး ကောက်ယူ မှုကို ရပ်နား လိုက်ပြီ လို့ ဆိုပါတယ်။
စာရင်းကောက် ယူဖို့ ကျန်နေတဲ့ ရခိုင်နဲ့ ကချင်ပြည်နယ် ဒေသ တစ်ချို့မှာ သန်းခေါင် စာရင်း ကောက်ယူ နိုင်ဖို့ အတွက် နည်းလမ်း မျိုးစုံနဲ့ ကြိုးစား ခဲ့ပေမယ့် သတ်မှတ် ကာလအထိ ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိဘူး လို့လည်း သန်းခေါင် စာရင်း ကော်မတီ လူမှုကွန် ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သန်းခေါင်စာရင်းကောက်ယူမှုမှာ ကျန်တဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ စာရွက်တွေကို Scan ဖတ်တာတွေ အချက်အလက် ပြန်လည် သုံးသပ်မှုတွေ လုပ်ဖို့ ကျန်နေသေးတယ်လို့လည်း ဦးမြင့်ကြိုင်က ပြောပါတယ်။
သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၁၄ သြဂုတ်လမှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး အပြည့်အစုံ ကိုတော့ ၂၀၁၅ မေလမှာ ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့လည်း မြစ်မခသတင်းအရ သိရပါတယ်။

No comments:
Post a Comment