Friday, June 13, 2014

ဆန်စပါးဈေးကွက် တွင်ကျယ်လာမှုအပေါ် ရခိုင်ကုန်သည်များ မျှော်လင့်

မိုးအောင်

ယခုနှစ် စိုက်ပျိုးရေးရာသီတွင် ဆန်စပါးတင်ပို့မှုအား တရုတ်နိုင်ငံသို့တင်ပို့ရန် အရည်အသွေးမီ ဆန်စပါးများသာ လက်ခံမည်ဟု ပြောပြီးနောက် ဆန်စပါးတင်ပို့မှုအပေါ် ဈေးကွက် တွင်ကျယ်လာစေရန် ရခိုင်ဆန်ကုန်သည်များက မျှော်လင့်လာကြကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဆန်စပါးတင်ပို့မှုအား တရုတ်သို့ မန္တလေးမှတဆင့်ပို့ခဲ့ပြီး ဆန်စပါးအပြင် ဆန်ထွက်ပစ္စည်းများအဖြစ် ဖွဲ၊ ဆန်ကွဲ၊ ဆန်မှုန့်များလည်း တင်ပို့ခဲ့ကြောင်း သိရသည်။


ရခိုင်ပြည်နယ်၌ ဆန်စပါး တင်ပို့မှုအား လက်ဝေခံဝေစုအဖြစ် ဘင်္ဂလားဒေ့ရှ်နယ်စပ်များသို့ မောင်တောမှတဆင့် တင်ပို့သော်လည်း ဈေးကွက်မှာ ကျယ်ပြန့်ခြင်းမရှိသေးဟု စစ်တွေမြို့ခံ ဆန်ဆိုင်ဖွင့်လှစ်ထားသူ ဦးကျော်မိုးခိုင်က
ပြောသည်။

ပြည်တွင်းစားသုံးမှုအနေဖြင့် ဆန်စပါးဈေးကွက်အများစုမှာ တနိုင်တပိုင် တွင်ကျယ်နေသော်လည်း ရာသီမငြိမ်သက်မှု၊ တခြား သဘာဝ ဘေးဒဏ်များကြောင့် အရည်အသွေးညံ့ဖျင်းကာ ဈေးကွက်အတွင်း၌ ဈေးနှုန်းမငြိမ်မသက်မှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ပြည်ပသို့ ဆန်စပါး တင်ပို့မှုအား မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၄၅၀၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်များထက် ၃၀% လျော့ကျခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အနေဖြင့် ပြည်ပတင်ပို့မှုဈေးကွက်တွင် ဝေစုအနည်းငယ်ကိုသာ ပြုလုပ်နိုင်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဧပြီလမှ မေလထိ ဧည့်မထဆန် ၂၅% ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

No comments: