ရွှေဟင်္သာ
ယနေ့ဇွန်လ၂၁ ရက်နေ့ နံက် (၄) နာရီခွဲတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၄၇၈) တပ်ဖွဲ့နှင့် တပ်မ (၈၈) တပ်ဖွဲ့တို့သည် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မာန်အောင်ကျေး ရွာအနီးတွင် နံက် (၅) နာရီ (၁၅)မိနစ်အထိ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း TNLA ပြန်ကြားရေးက ဆိုပါသည်။
ယင်းတိုက်ပွဲတွင်အစိုးရတပ်ဖွဲ့ ဖက်မှ (၅) ဦး ကျဆုံးသည်ဟု TNLA တို့မှ ဆိုထားသော်လည်း သီးခြား အတည်ပြုချက် မရသေးပေ။ တိုက်ပွဲသည် မာန်ေ အာင် ကျေးရွာ ပတ်ဝန်းကျင်တွင် အခြေချနေသည့် TNLA တပ်ဖွဲ့များအား အစိုးရစစ် ကြောင်းမှ အလစ်ဝင် တိုက်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့အပြင် နှစ်ဖက်သော တပ်ဖွဲ့များမှ အပြန်အလှန် စောင့်ကြည့် နေကြသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန် ရှိနေ ပါသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့ နေပလည် (၁၂)နာရီ (၂၀)မိနစ် ၌ လည်း (TNLA) ဗျူဟာ(၂) ကွပ်ကဲမှု လက်အောက်မှ တပ်ရင်း(၅၂၇) တပ်ဖွဲ့ နှင့် အစိုးရ တပ်မ(၇၇) စစ်ကြောင်း တို့သည် နေ့လည် (၁၂) နာရီ (၅၀)မိနစ်ထိရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊လွယ်ဆာကျေးရွာ နှင့် မင်းကုန်းကျေးရွာ ကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု TNLA ပြန်ကြားရေးက ဆိုပါသည်။
ယင်းတိုက်ပွဲ တွင်လည်း အစိုးရဖက်မှ (၂)ဦး ကျဆုံးပြီး (၄)ဦးဒါဏ်ရာရရှိသည်ဟု TNLA ဖက်မှ ဆိုပါသည်။ တိုက်ပွဲ အ ပြီးတွင် အစိုးရ တပ်များသည် လွယ်ဆာေ ကျးရွာ ထဲသို့ လက်နက်ကြီး (၅)လုံး ပစ်ခတ်လိုက်ရာ အိုက်ကြွယ်၏ နေအိမ် အား ထိမှန် ပြီး မီးလောင် သွားပါသည်။
ထိုကဲ့သို့ ကျေးရွထဲသို့ လက်နက်ကြီး ပစ်သွင်းသဖြင့် တရွာလုံးမှ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြ ကြောင်း ဆိုပါသည်။ အလားတူ ပစ်ခတ်မှုမျိုး (၃)ကြိမ်မျှ ပစ်ခတ်ခဲ့ကြကြောင်း TNLA ဖက်မှ ဆိုသော်လည်း သီးခြား အတည်ပြုချက် မရှိသေးပေ။
No comments:
Post a Comment