Wednesday, June 18, 2014

မြေပုံမြို့ရှိ ဘင်္ဂါလီဒုက္ခသည် သုံးထောင်ကျော်ကို နိုင်ငံသား စိစစ်မှု စတင်

ABC

အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက ​ရခိုင်ပြည်နယ် ​မြေပုံမြို့မှာရှိတဲ့ ​ရိုဟင်ဂျာ ​ဘင်္ဂါလီဒုက္ခသည်စခန်းမှာ ​နေထိုင်သူ ​လူဦးရေ ​သုံးထောင်ကျော်ကို ​နိုင်ငံသားစိစစ်မှုတွေ ​စတင်ဆောင်ရွက်ပေးနေပြီလို့ ​သိရပါတယ်။

အမျိုးသား ​မှတ်ပုံတင် ​ဦးစီးဌာန ​(နေပြည်တော်) ​ညွှန်ကြား ​ရေးမှူးချုပ် ​ဦးမောင်မောင်သန်းက ​ဦးစီးပြီး ​၁၉၈၂ခုနှစ် ​နိုင်ငံသား ​ဥပဒေအရ ​ဘင်္ဂါလီ ​ဒုက္ခသည် ​စခန်းမှာ ​နေထိုင် ​သူတွေက ​နိုင်ငံသား ​ဖြစ်သင့်၊ ​မဖြစ်သင့်ကို ​စတင် ​စိစစ်နေ ​တာဖြစ်ပါတယ်။

နိုင်ငံသား ​စိစစ်မှု ​အကောင် ​အထည် ​ဖေါ်ရေး ​အတွက် ​နိုင်ငံတော် ​သမ္မတရုံး ​၀န်ကြီးဌာနက ​ပြည်ထောင်စု ​၀န်ကြီး ​ဦးစိုးသိန်း ​၊ ​ဦးတင်နိုင်သိန်း ​၊ ​နယ်စပ်ရေးရာ ​၀န်ကြီးဌာနက ​ဒုတိယ ​ဗိုလ်ချုပ်ကြီး ​သက်နိုင်ဝင်း ​၊ ​ပြန်ကြားရေး ​၀န်ကြီးဌာနက ​၀န်ကြီး ​ဦးအောင်ကြည် ​နဲ့ ​လူဝင်မှု ​ကြီးကြပ်ရေးနဲ့ ​ပြည်သူ့အင်အား ​၀န်ကြီးဌာန ​၀န်ကြီး ​ဦးခင်ရီက ​ဦးဆောင်ပြီး ​ဇွန်လ ​၁၄ ​ရက်နေ့မှာ ​မြေပုံကို ​သွားရောက်ခဲ့တာ ​ဖြစ်ပါတယ်။

အခုလို ​နိုင်ငံ ​သား ​စိစစ် ​တဲ့ ​အခါမှာ ​ဘင်္ဂါလီ ​နာမည်နဲ့ ​ကောက် ​ယူနေ ​တာဖြစ်ပြီး ​၁၉၈၂ ​ခုနှစ် ​နိုင်ငံသား ​ဥပဒေအရစစ်ပေးဖို့ ​ရခိုင် ​လူမှုကွန်ယက်တွေက ​ဆန္ဒထုတ်ဖော်ပြီး ​တဲ့နောက်ပိုင်း ​အခုလို ​စိစစ်မှုတွေ ​လုပ်ဆောင်လာတာဖြစ်တယ်လို့ ​သိရပါတယ်။

No comments: