Monday, June 23, 2014

တပ်မတော်နယ်လှည့်အဖွဲ့ မကွေးတိုင်းအတွင်း အခမဲ့ဆေးကုသပေးနေ

ဝိုင်းအောင်

မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ၊ ဇိနလင်္ကာရဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၁၉ရက် နံနက် ၇ နာရီ အချိန်မှစတင်၍ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဟန် ဦးဆောင်သော (၆၇)ဦးအဖွဲ့မှ ဖိုလေးလုံးကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ လူနာပေါင်း (၁၅၄၁)ဦးတို့အား ဆေးဝါးကုသပေးခြင်း၊ ခွဲစိတ်ကုသခြင်းများ အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။

"ကျွန်မတို့တောရွာတွေကို ယခုလိုအမြဲတန်း မကြာမကြာလာရောက်ပြီး ဆေးကုသပေးစေချင်ပါတယ်" ဟု အသက်(၈ဝ)ခန့် အဖွား ဒေါ်ကြာရုံ က မဇ္ဈိမကိုပြောသည်။

အလားတူအမှတ်(၂) နယ်လှည့်ဆေးကုသရေးအဖွဲ့ ဗိုလ်ကြီးနိုင်လင်း(ခွဲစိတ်ပါရဂူ)ဦးဆောင်သော အဖွဲ့ (၁ဝ)ဦးသည် မကွေးမြို့နယ်၊ စမ်းမကြီးကျေးရွာ ဒက္ခိဏဝိဟာရ ဘုန်းကြီးကျောင်း၌ ဒေသခံ ပြည်သူ ၂၁၈ အားလည်းကောင်း၊ အမှတ်(၁)နယ်လှည့်ဆေးကုသရေးအဖွဲ့ ဗိုလ်မှူးခိုင်လွင် ဦးဆောင်သော ဆယ်ဦးပါ အဖွဲ့သည် မကွေးမြို့နယ် ထုံးပေါက်တော(မြောက်)ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူ ၂၇၁ဦးအား ကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းများ ပြုလုပ်ပေးနေသည်ဟု တပ်မတော်ဆေးမှ အရာရှိတစ်ဦးက ပြောသည်။

No comments: