ABC
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှာ ပြုလုပ်တဲ့ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး ဟောပြောပွဲ အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ စစ်တပ်ကို မုန်းတီးလို့ ဥပဒေကို ပြင်ဆင်လိုတာ မဟုတ်ဘူးလို့ ပြောပါတယ်။
ပုဒ်မ ၄၃၆ ကို ပြင်ဆင် ချင်တာက စစ်တပ်ကို မုန်းလို့ ပြင်ချင် တာမဟုတ်ပဲ စစ်တပ် ကိုယ်စား လှယ်တွေ အနေနဲ့ မယူသင့်တဲ့ အခွင့်အရေးကို မယူစေချင်လို့ အခုလို ပြုပြင်ပြောင်း လဲဖို့ ကြိုးစား တာ ဖြစ် တယ် လို့ တောင်ငူနဲ့ ရေတာရှည် မြို့ နယ် မှာ ပြု လုပ် တဲ့ ဟော ပြောပွဲမှာ ပြောသွား တာ ဖြစ်ပါတယ်။
လွှတ်တော်မှာ ပြည်သူတွေ ရွေးကောက် တင်မြောက် မထားတဲ့ စစ်တပ် ကိုယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်း နေရာ ယူထားပြီး လွှတ်တော် အတွင်း အရေးကြီးတဲ့ ကိစ္စကိုလည်း အဲဒီကိုယ် စားလှယ် တွေက ဆုံးဖြတ်ပေး တာတွေ လုပ်တဲ့ အတွက် မသင့်တော် ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
စစ်တပ် ကိုယ်စား လှယ်တွေ အနေနဲ့ ရွေးချယ် တင်မြောက်ခြင်း မခံရဘဲ အခုလို နေရာယူ တဲ့အပေါ် တခြားနိုင်ငံရေး ပါတီတွေနဲ့ လွှတ်တော် ကိုယ်စား လှယ်တွေ ကလည်း လက်မခံ နိုင်ပဲ လာမယ့် ၂၀၁၅ရွေး ကောက်ပွဲကစပြီး စစ်တပ် ကိုယ်စားလှယ်တွေကို တဖြည်းဖြည်းခြင်း ဖြုတ်ချဖို့ စီစဉ်နေ ကြောင်းလည်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ပြောပါတယ်။
လက်ရှိအနေ အထားအရ ပြည်သူ့လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် ဦးရေ (၁၁၀) ရှိပြီး အမျိုးသားလွှတ်တော်မှာ (၅၈) ဦး နေရာယူထားတယ်လို့လည်း မြစ်မခ သတင်းအရ သိရပါတယ်။

No comments:
Post a Comment