ခင်မြတ်မြတ်ဝေ
အမျိုးသမီးအဖွဲ့အစည်းများမှ အမျိုးသမီး၁၅ယောက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ထောက်ခံ လှုပ်ရှားမှုများတွင် ပါဝင်အားဖြည့်သွားမည်ဟု မေ့စွမ်းရည် မဂ္ဂဇင်းမှ အယ်ဒီတာ မပျိုးလက်ဟန်က မဇ္ဈိမပြောသည်။
ယင်းကဲ့သို့ ထောက်ခံကြောင်း ထုတ်ပြန်ချက်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်၏ ၆၉နှစ်မြောက် မွေးနေ့ ဇွန်လ ၁၉ရက်တွင် အမျိုးသမီး အဖွဲ့အစည်းများတွင် ပါဝင်သည့် အမျိုးသမီး ၁၅ယောက်က အဖွဲ့အစည်းများနှင့်မဆိုင်ဘဲ သီးခြား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
"လူထုခေါင်းဆောင်ကို ယုံကြည်တယ်။ သူသာခေါင်းဆောင်းဖြစ်ရင် တိုင်းရင်သာတွေ စည်းလုံးညီညွတ်မယ်။ ကျွန်မတို့၁၅ယောက်က ဒေါ်စုလုပ်တဲ့ လှုပ်ရှားမှုတိုင်းမှာ တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်မယ်"ဟု ၎င်းကပြောသည်။
ယင်းအမျိုးသမီး ၁၅ယောက်က စတင်၍ အမျိုးသမီးများ နိုင်ငံရေးနှင့် စီးပွားရေးတွင်ပါဝင်လာအောင်လည်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။
"လူတွေက အမျိုးသမီးအရေးကို နိုင်ငံရေးလို့မမြင်ဘူး။ လူဦးရေးတစ်ဝက်ကျော်ကို မေ့ထားတယ်။ အခု အမတို့တစ်ယောက်ချင်းစီကစယ်။ ဒေါ်စုကို လူထုခေါင်းဆောင်ကို ဝိုင်းရံပြီးကျရာနေရာမှာ တာဝန်ထမ်း ဆောင်မယ်"ဟု ဆိုသည်။
No comments:
Post a Comment