ABC
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ရှမ်းပြည်နယ်တွင်း လက်ရှိဖြစ်ပေါ်နေမှုတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်ချူပ်ဆိုနိုင်ဖို့အတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ကခေါင်းဆောင်တွေနဲ့ ဇွန်လ ၁၉ ရက် နေ့ ဒီကနေ့မနက်မှာ တွေ့ဆုံဖို့ရှိပါတယ်။
အခု လို တွေ့ဆုံ ဆွေးနွေး ဖို့ ဖြစ်လာ ရတာဟာ ဇွန်လ ဆန်း ပိုင်းက RCSS ခေါင်းဆောင် တွေနဲ့ UPWC က တာဝန် ရှိသူတွေ တွေ့ဆုံ ဆွေးနွေး ခဲ့ချိန်က RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် နဲ့အတူ တွေ့ဆုံ ဆွေးနွေး ကြဖို့ ညှိနှိုင်း ပြောဆို ထားတဲ့ အတွက် ဖြစ်တယ် လို့ RCSS အဖွဲ့ က ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်း က ပြောပါတယ်။
အစိုးရနဲ့ ကျနော်တို့ကြားမှာ လက်ရှိ အခြေ အနေ တွေ ဖြစ် ပျက် နေတဲ့ ပြသနာ တွေကို ဖြေရှင်းဖို့၊ ရရှိပြီး သား သဘော တူညီ အတိုင်း လိုက်နာ ဆောင်ရွက် ပြီးတော့ အကောင် အထည် ဖော်နိုင်ဖို့ နောက်ပြီး တော့ ကျနော် တို့ တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ကို မြန်မြန် ဆန်ဆန်နဲ့ စာချူပ်ချူပ် ဆိုနိုင်ဖို့ နိုင်ငံရေး ဆွေးနွေး မူဘောင်တွေကို ပူးပေါင်း ပြီးတော့ ရေးဆွဲချ မှတ်နိုင်ဖို့ နဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေကို စတင်နိုင်ဖို့အရေး ဒီကိစ္စတွေကို ကျနော်တို့ UPWC က အင်မတန်မှ အရေးကြီးတဲ့ ကိစ္စရပ် အနေနဲ့ တိုင်းရင်းသား အားလုံးကို တွေ့ဆုံဆွေးနွေး လိုတဲ့အကြောင်း ပြောထားတယ်။
အပြန် အလှန် နားလည် မှုတွေ တည်ဆောက်ဖို့၊ ရင်းနှီးမှု ရဖို့ နဲ့ ရရှိပြီးသား သဘော တူညီချက် တွေကို နှစ်ဖက် ပူးပေါင်း အကောင် အထည်ဖော် စတင် ဆောင်ရွက် သွားနိုင်ဖို့ ကိစ္စတွေကို အဓိကထား ရည်ရွယ် ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ လည်း ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်း က ဆက်ပြောပါတယ်။
ကျနော်တို့ ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ထဲမှာပေါ့ တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ကို ကျနော်တို့ မြန်မြန်နဲ့ စာချူပ်ချူပ် ဆိုဖို့အရေးကို ကျနော်တို့ ဒါတွေ ကိုလည်း ဆွေးနွေး လိုတယ်၊ ဒီ ၂၀၁၄ မှာနော့် ဒီ ၂၀၁၅ မတိုင် ခင်မှာ တစ်နိုင် ငံလုံး အပစ် အခတ် ရပ်စဲရေး စာချူပ် ချူပ်ဆိုနိုင် ဖို့နဲ့ ကျနော်တို့ရဲ့ နိုင်ငံရေး ဆွေးနွေး မူဘောင် တွေကို ချမှတ် နိုင်ဖို့ အင်မတန်မှ လိုအပ်တယ်လို့ ကျနော်တို့ မြင်ပြီးတော့ အဲ့ဒီကိစ္စကို ဆွေးနွေးဖြစ်မယ်၊ နောက်တစ်ချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ၂၀၁၅ နှစ်ဆန်းပို်င်းမှာဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲကို စတင်နိုင်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ သုံးသပ်ပြီးတော့ ဒီကိစ္စကို အစိုးရနဲ့ ဆွေးနွေးလိုတာပဲ ဖြစ်တယ်။
RCSS အဖွဲ့ကို ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် က ဦးဆောင်မှာဖြစ်ပြီးတော့ အစိုးရဖက်က UPWC ဒုဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း က ဦးဆောင်မှာ ဖြစ်တဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment