Khonumthung
၂၀၁၃ – ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ ပြည်နယ်တိုင်းဒေသကြီးများ စာစစ်ဌာနများတွင် ဇွန်လ(ရ)ရက်နံနက်အချိန်တွင် ထုတ်ပြန်ကြေငြာလိုက်ပြီး ချင်းပြည်နယ်၏အောင်ချက်မှာ ၈.၀၇ ရာခိုင်နှုန်းသာ ရှိသည်။
ချင်းပြည်နယ်၏ ယင်းအောင်ချက်ပမာဏသည် ယခင် ၂၀၁၂-၁၃ ပညာသင်နှစ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် ချက်ရာခိုင်နှုန်းထက် အဆမတန် ကျဆင်းခဲ့သည်။ ယခင်နှစ်က ချင်းပြည်နယ်မှ ၁၆. ၅၂ ရာခိုင်နှုန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသည်။
၂၀၁၃-၁၄ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသားဦးရေ စုစုပေါင်း ၈၇၂၁ ဦးရှိခဲ့ပြီး ၇၀၄ ဦးသာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ယင်းအထဲတွင် (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၄)ဦး ၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၂၆)ဦး နှင့် (၁)ဘာသာဂုဏ်ထူးရှင်(၁၂၆)ဦးရှိသည်ဟုသိရဥည်။
၂၀၁၂ -၂၀၁၃ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှ ဖြေဆိုသူ ကျား ၃၁၂၂ ဦး၊ မ ၄၃၃၇ ဦး စုစုပေါင်း ၇၄၅၉ ဦး အနက် ၁၂၃၂ ဦး အောင်မြင်ခဲ့ကြပြီး ၄င်းအနက် ငါး ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေး ဘာသာဂုဏ်ထူးရှင် ( ၅ ) ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် (၅) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၂၄) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၁၄) ဦး စုစုပေါင်း ၅၅ ဦးရှိခဲ့သည်။

No comments:
Post a Comment