မျိုးသန့်
မြန်မာနိုင်ငံအတွင်း မျိုးကောင်းမျိုးသန့်ခိုင်းနွားများကို တရုတ်နိုင်ငံတွင် အသားထုတ်လုပ်ရန်အတွက် နွားမှောင်ခို တင်ပို့ခြင်းကို အဓိကလမ်းကြောင်းကြီးသုံးကြောင်း အသုံးပြုကာတင်ပို့နေသည်ဟု နောင်ချိုမြို့ရှိ ဒေသခံများက မဇ္ဈိမကို ပြောသည်။
မှောင်ခိုတင်ပို့နေသော လမ်းကြောင်းအဖြစ် မတ္တရာ-နောင်ချို-ကျောက်မဲ- နမ့်ခမ်းလမ်းကြောင်း၊ မတ္တရာ-ဟိုခို-ကွတ် ခိုင်-၁၀၅ မိုင်-ပန်ဆိုင်း(ကြူကုတ်) လမ်း ကြောင်းနှင့် ဟဲဟိုး-နမ့်မလန်လမ်းကြောင်း တို့ကို အဓိကထား အသုံးပြုတင်ပို့နေခြင်း ဖြစ်သည်။
“တောင်ကြီးဘက်က ဆင်းလာရင် ဟဲ ဟိုး-နမ့်လန်လမ်းကြောင်းကို အသုံးပြုလေ့ရှိတယ်။မန္တလေးဘက်က လာရင် မတ္တရာကို ဖြတ်ပြီး ဆည်တော်ကြီးလမ်းဘေးကနေ တောလမ်းကိုသုံးပြီးနောင်ချိုကို ရောက်အောင် ပို့တယ်။ နောင်ချိုရောက်ရင် ပြီးပြီလေ။ အဖမ်းအဆီးနဲ့ လမ်းကြောင်းရှင်း၊ မရှင်းပေါ်ကြည့်ပြီးပို့လို့ရပြီလေ” ဟု နောင် ချိုမြို့ရှိ ကျွဲ၊ နွားမှောင်ခိုပြုလုပ်ခဲ့သူက ပြောသည်။
တစ်ရက်လျှင် နွားအကောင်ရေ လေးရာမှ တစ်ထောင်ဝန်းကျင်အထိ တင်ပို့မှု ရှိနေကြောင်း၊ သက်ဆိုင်ရာ က ဖမ်းဆီးနေသော်လည်း ထိရောက်သည့်ဖမ်းဆီးမှုမရှိကြောင်း ၎င်းက ဆိုသည်။
နွားမှောင်ခိုတင်ပို့သူများသည် တောလမ်းကျွမ်းကျင်သူများ၊ ကျွဲ၊ နွားအုပ်စုများကို ထိန်းချုပ်မှုကောင်းသော သူများအား အဓိကထားရှာဖွေကာတစ်ဦးလျှင် စရိတ်ငြိမ်း တစ်ရက်ငွေကျပ်သုံးသောင်းမှ တစ် သိန်းခန့်အ ထိပေးကြောင်း အဆိုပါဒေသခံက ပြောသည်။
ယခုကဲ့သို့ ပြည်တွင်းရှိ ခိုင်းနွားကောင်းများကို တင်ပို့မှုကြောင့် ပြည်တွင်းရှိ ခိုင်း နွားအရေအတွက်မှာ လျော့နည်းလာပြီး စက်မှုလယ်ယာသို့ မသွားနိုင်သေးသော တောင်သူများအတွက် ခိုင်းနွားလျော့နည်း လာ ပြီး လုပ်ငန်းခွင်ပြဿနာများနှင့် ရင်ဆိုင်နေရကာ သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်အဆင့်သို့ တင်ပြထားသ ဖြင့် သက်ဆိုင်ရာလွှတ်တော်အစည်းအဝေးများကို တင်ပြထားသော်လည်း လက်ရှိအချိန်ထိ ထိရောက် သော အရေးယူမှုများကိုပြုလုပ် ပေးခြင်းမရှိသေးဟု ဆိုသည်။
၂၀၁၂ ခုနှစ် တွင်တရားမ၀င် ကုန်သွယ်မှု တားဆီးနှိမ်နင်းရေးအဖွဲ့က မူဆယ်လမ်း ပိုင်းကိုစစ်ဆေးမှုများ တင်းကျပ်ခဲ့ချိန်က နွား မှောင်ခိုတင်ပို့မှုလုံးဝရပ်တန့်ခဲ့သော်လည်း တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များ သို့ အဆိုပါအဖွဲ့ကို လွှဲအပ်ပြီးနောက်ပိုင်း မှ စတင်၍ ကျွဲ၊ နွားမှောင်ခိုများ ယခင်ကဲ့သို့ ပြန်လည်တင် ပို့ လာခြင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်ပြည်သို့ ကျွဲနွားမှောင်ခိုတင်ပို့ရာတွင် မန္တလေးတိုင်းသည် လမ်းကြောင်းဆုံချက်ဗဟိုဖြစ်လာပြီး၊ ၂၀၁၃ ခုနှစ် တစ် နှစ်တာကာလအတွင်း ဖမ်းဆီးရမိမှုမှာ ကျွဲနွားကောင်ရေ ၁,၀၀၀ ကျော်၊ အေးခဲ အမဲသား ပိဿာချိန်တစ်သောင်းကျော်၊ အမဲခြောက်ပိဿာချိန်၇,၀၀၀ကျော်နှင့် နွားပိဿာလေးထောင်ကျော်အထိ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ရှိ စာရင်းများတွင် ဖော်ပြသည်။
No comments:
Post a Comment