ခင်ငြိမ်းသစ်
ဗြိတိန်နိုင်ငံတွင် သုံးရက်ကြာပြုလုပ်နေသည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုမှ ရပ်တန့်စေရန် ပြုလုပ်နေသည့် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဒု-၀န်ကြီး ဦးသန့်ကျော် အပါအ၀င် အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲသို့ မြန်မာပြည်မှ ကစ်သလစ်ဘာသာရေးခေါင်းဆောင် ချာလီဘို၊မွတ်စလင်ဘာသာရေး ခေါင်းဆောင် ဦးအေးလွင်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးပြုံးချို တို့လည်းတက် ရောက်ခဲ့သည်။
ဦးပြုံးချိုက ဆွေးနွေးပွဲတွင် တက်ရောက်စကားပြောခွင့်ရခဲ့ပြီး မြန်မာပြည်တွင်ဖြစ်ပွားနေသော ဘာသာရေး အကြမ်းဖက်မှုများ၊ ပြန်လည်တည်ဆောက်ရေး၊ ဒီမိုကရေဖြစ်စဉ်များနှင့် စစ်ဖြစ်နေသောဒေသများတွင်ဖြစ် ပွားနေသည့် ပဋိပက္ခများအတွင်း အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများနှင့် ကချင်ပြည် နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများအကြောင်းကို ရှင်းလင်းခဲ့သည်။
ထိုဆွေးနွေးပွဲသို့ ဟောလိဝုဒ်မှ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သည့် အင်ဂျလီနာဂျိုလီလည်း တက်ရောက် ဆွေးနွေးခဲ့သည်။ ထိုပွဲမပြုလုပ်ခင် ဇွန်လ ပထမပတ်အတွင်းက ဗြိတိသျှသံရုံးမှ ဦးစီးပြီး မြန်မာပြည်တွင်းရှိ အနုပညာရှင်များက ပဋိပက္ခအတွင်း အကြမ်းဖက်မှုများရပ်တန့်ရန်အတွက် သရုပ်ပြမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေ သများတွင်တပ်မတော်မှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ပြုလုပ်နေသည်ဟု တိုင်းရင်းသူအမျိုးသမီး များက စွပ်စွဲပြောဆိုထားသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပြုလုပ်ခဲ့သည့် တပ်မတော်သားများကိုလည်း အရေးယူ၊ အပြစ်ပေး ခြင်းများပြုလုပ်ခဲ့ခြင်းမရှိကြောင်းကိုလည်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။ ထိုသို့ ပဋိပက္ခ များအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ရပ်ဆိုင်းရန် နိုင်ငံတကာမှအစိုးရများကလည်းတောင်း ဆိုထားသည်။
ဗြိတိသျှအစိုးရက ဦးဆောင်ပြုလုပ်နေသည့် ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုရပ်တန့်ရေး လှုပ်ရှားမှုကို မြန်မာအစိုးရက ပြီးခဲ့သည့် ဇွန် ၅ ရက်က ထောက်ခံပါဝင်ခဲ့သည်။
No comments:
Post a Comment