Sunday, June 15, 2014

တရားရေးမဏ္ဍိုင်ယိမ်းယိုင်ပြီး ဘက်လိုက်မှုများဖြင့် အမိန့်ချနေ၍ မကျေနပ်သဖြင့် ဆန္ဒဖော်ထုတ်

အောင်ကိုဦး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တရားရုံးသည် တရားရေးမဏ္ဍိုင်ယိမ်းယိုင်ပြီး ဘက်လိုက်မှုများဖြင့် အမိန့်ချနေသည်ကို မကျေနပ်၍ ဒီမိုကရေစီအရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ အထက်မြန်မာပြည်တာဝန်ခံ ကိုသိန်းအောင်မြင့်က ဇွန်လ ၁၂ ရက် နံနက်၁၀နာရီတွင် အဆိုပါရုံးအနီး၌ တစ်ကိုယ်တော်ဆန္ဒ ပြသည်။

ထိုသို့ဆန္ဒပြခွင့်တရားဝင်ရရှိရန် သက်ဆိုင်ရာသို့ နှစ်ကြိမ်စာတင်ခဲ့ပြီးမှ ခွင့်ပြုမိန့်ရခဲ့သည်။ ဆန္ဒဖော်ထုတ် ခွင့်ပထမအကြိမ် ငြင်းပယ်ခံခဲ့ရပြီး ဒုတိယအကြိမ်တင်မှသာ ခွင့်ပြုမိန့်ရခဲ့သည်ဟု ကိုသိန်းအောင်မြင့်က ဆိုသည်။

“နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ဖို့က တရားရေးမဏ္ဍိုင်တည့်မတ်ဖို့လိုပါတယ်။ အ မှန်တကယ်တရားဥပဒေစိုးမိုး မှုရှိမှ ပြည်သူလူထုက ယုံကြည်လာမှာပါ။ တစ်ဖက်သတ် ဘက်လိုက်ဆုံးဖြတ်တာတွေ မျက်နှာကြည့်ပြီးဆုံး ဖြတ်နေတာတွေရှိနေသေးသ၍ မတရားထောင်ချခံနေကြရဦးမှာပဲ။ဒါကြောင့် တရားရေးမဏ္ဍိုင်တိမ်းစောင်း အောင်လုပ်နေတဲ့ တရားသူကြီးတွေ ရာထူးကဖယ်ရှားပေးပါ။ သက်ဆိုင်ရာကလည်း

အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးပါ။ ဒီလိုတွေလုပ်ပေးအောင်၊ ပြီးတော့ဌာန ဆိုင်ရာအားလုံးလည်း သိ အောင်တစ်ကိုယ်တော်ဆန္ဒပြတာပါ။ အခုလိုဆန္ဒပြတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်ကျိုးအတွက်လုပ် နေ တာမဟုတ်ဘူး။ ပြည်သူလူထုအတွက် လုပ်ဆောင်ပေးနေတာပါ”ဟု ကိုသိန်းအောင်မြင့်က မဇ္ဈိမကို ပြော သည်။

ဒီမိုကရေစီအရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့က လယ်ယာမြေနှင့်အလုပ်သမားရေးဆောင်ရွက်နေသူ ကိုအေးသိန်းအား လွှတ်ရက်စေ့ခါနီးအချိန်တွင် ချမ်းမြသာစည်တရားရုံးမှ တရားသူကြီးသည် အကျဉ်း ထောင်သို့ အမိန့်တစ်ခုပေး၍ ဆက်လက်ဖမ်းထားရန်ပြောဆိုခြင်းသည် တရားဥပဒေ စိုးမိုးမှုမရှိကြောင်း နှင့် တရားရုံးသည် တရားခံများအားလိုသလိုဆောင်ရွက်ခဲ့ရှိသည်ဟု သုံးသပ်ရကြောင်း၊ တရားဥပဒေ စိုးမိုး မှုသွားနေသည်လမ်းမှာ ယုံကြည်စရာမရှိတော့ကြောင်း ၎င်းက ဆိုသည်။

မန္တလေးမြို့ရှိ မြို့နယ်တရားရုံးများတွင် အဆိုပါဖြစ်စဉ်မျိုးများစွာရှိနေပြီး ပြည်သူများက အကြောက်တရား များရှိနေ၍ ငြိမ်ခံနေကြခြင်းဖြစ်ဟုလည်း ၎င်းက ဆိုသည်။

“တရားဥပဒေစိုးမိုးရေးက အောက်ခြေမှာလုံးဝမရှိဘူး။ ဒါကိုသက်ဆိုင်ရာကသိဖို့လိုတယ်။ အမိန့်ချပြီးမှ မှား သွားပါတယ်ဆိုပြီး တောင်းပန်တယ်။ ဒါတွေကို တာဝန်ယူဖို့လိုတယ်” ကိုသိန်းအောင်မြင့်က ဆန္ဒပြရာတွင် ထည့်သွင်းပြောဆိုသွားသည်။တစ်ကိုယ်တော်ဆန္ဒပြမှုနှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် တရားသူကြီး ဦးနေထွန်းဦးကို မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် အခုလိုစွပ်စွဲဆန္ဒဖော်ထုတ်နေခြင်းသည် မှားယွင်းကြောင်း၊ သူတို့အားလည်းခေါ်ယူရှင်းပြမှုများလုပ်ခဲ့ကြောင်း၊ ကျေနပ်မှုမရှိခဲ့ပါက အယူခံအဆင့်ဆင့်ဝင် နိုင် ကြောင်း၊ ယခုလို ဆန္ဒဖော်ထုတ်ခြင်းသည်ခေတ်ရေစီးကြောင်းအရလုပ်ခြင်းသာဖြစ်သောကြောင့် မိမိမှာ ဘာမှပြောစရာမရှိကြောင်း၊ မိမိက မှားယွင်းစွာလုပ်ခဲ့ခြင်းမရှိသလို အမှုသည်များဆီမှ ရေတစ်ခွက်တောင် တောင်းမသောက်ဖူးကြောင်းနှင့် စွပ်စွဲဆန္ဒပြမှုကိုလည်း တစ်စုံတစ်ရာတုံ့ပြန် မှုများပြုလုပ်သွားမည်မဟုတ် ကြောင်း ပြန်လည်ဖြေကြားသည်။ ဆန္ဒပြမှုသည် နံနက် ၁၁နာရီတွင် ပြီးဆုံးသည်။ အကြောင်းတစ် စုံတစ် ရာထူးခြားမှုမရှိပါက ဆက်လက်ဆန္ဒ ပြသွားမည်ဟုဆိုသည်။

No comments: